Unicode;
တကယ်တမ်းကျ ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ ကျူးလွန်မိသွားသော အဖြစ်ကြောင့် Taemin သည်လည်း Jimin ကို ခဏတာလေး မသိချင်ယောင်ဆောင်ခဲ့သည်။ကြက်ပေါက်လေးက သူကို
စိတ်ဆိုးနေမည်ကို သိ၍လည်း တမင်သူ ရှောင်နေခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ဖြူစင်သော ကောင်လေးမှာ သိသိသာသာ ပင် သူနဲ့ အကြည့်ချင်းပင် မဆုံနိုင်လောက်သည့် အနေအထားဖြင့် ပြုမူဆက်ဆံနေလေတော့ မတရား စနှောက်ချင်စိတ်များ ပေါ်လာတော့လေသည်။စီနီယာ အမများ၏ * Jimin လေးက နေမကောင်းဘူးလား မသိဘူး မျက်နှာလေးတွေနီလို့ * ဆိုသော စကားသံများကို Taemin တစ်ယောက်ကြားရတော့ ထိုကောင်လေး ရှက်နေသည်ကို သိလိုက်ရသည်။အမှန်တိုင်းပြောရရင် ထိုကြက်ပေါက်လေး၏ ရှက်နေသည့်အမူအရာမျိုးကို သူ
ထင်ထင်ရှားရှား မမြင်ဖူးပါချေ။အင်း မြင်ရမည့် အခွင့်အရေးရှိခဲ့ပါလျှက် သူကိုယ်တိုင်ရှောင်ပုန်း ပြေးထွက်ခဲ့သည်လေ။ဘာလို့ဆို သူကိုယ်တိုင်လည်း ရှက်နေခဲ့တာမို့။နီတာရဲ ကောင်လေးက ရှက်နေရင်ရော ပါးမို့မို့လေးက ပန်းဆီရောင်များ သန်းနေလေ မလား ဟူသော သူ၏စူးစမ်းချင်စိတ်တို့က သူ့အား အစိုးရလှသည်။ထို့ကြောင့်လည်း အပြန်ကားပေါ်တွင် ထိုအကောင်ပေါက်လေး၏ လက်သေးသေးလေးများကို ကိုင်ထိကြည့်ရန် Taemin တစ်ယောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။စစသူ ဆုပ်ကိုင်လိုက်သည်နှင့် မြတ်နိုးဖွယ်ကိုယ်ငယ်လေးမှာ ချက်ချင်း တုန်တက်သွားသည်ကို သူခံစားမိလိုက်သည်။သဘောကျတယ်။ကိုယ့်ကြောင့် မင်းလေး ထူးဆန်းတဲ့ ခံစားချက် အပြုအမူလေးတွေဖြစ်သွားတာကို။
🎼 Take my hands now,
You are the cause of my euphoria 🎼သို့သော်လည်း အလိုက်မသိစွာ ဝင်လာသော phone ringtone သံကြောင့် နှစ်ယောက်လည်း ခပ်ခွာခွာ နေလိုက်ကြရသည်။ထို အယောင်ယောင်အမှားမှား အခြေအနေမှာတင်အ ကောင်ပေါက်လေးက သူ့ Phone Screen ပေါ်က contact name လေးကို မြင်တော့ ပြုံးယောင်သန်းသွားသည့် မြင်ကွင်းလေးကိုပါ သူသေသေချာချာ မြင်လိုက်ရသည်။
" Hello Jungkookie ပြော "
နံဘေးက ကြားလိုက်ရသော နာမည် တစ်ခုကြောင့် အတွေးက Welcome ပွဲတုံးက အကောင်ပေါက်လေး ထည့်ပြောသွားသော သူ့ညီလေး မှန်း သိလိုက်သည်။