Chapter 3

430 31 0
                                    

Unicode;
" သား  Jeon မိသားစုတို့ အိမ်ရောက်ရင် လိမ်လိမ်မာမာနေနော်။သားလေးက လိမ်မာပီးသားဆိုပေမယ့် သတိထားတယ်ဆိုတာ ပိုတယ်လို့ မရှိဘူးပေါ့ "

သားဖြစ်သူ Jimin ၏ အဝတ်တွေကို ထည့်ပေးရင်း အမှာတမ်းတွေ ချွေနေ​သော ဦး Shin Woo ကို ကြည့်ပြီး Mina ရင်ထဲ တစ်မျိုးလေးခံစားမိ၏။မိဘဆိုတာမျိုးက သားသမီးတွေကို အဆင်ပြေပြေဘဝ မျိုးနဲ့သာ ထားချင်ကြသည်လေ။အခုလည်း ကြည့်ပါ​ပေတော့။သားဖစ်သူနဲ့ ခွဲနေရမည်ကိုတောင် ဘာမှ မဟုတ်သလိုနဲ့ အဝတ်တွေကို စနစ်တကျ ခေါက်သိမ်းပေးနေလေသည်။
Jimin တစ်ယောက်ကို ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင် ထိုင်ကာ မိုင်တိုင်တိုင်ရုပ်ကလေး ဖြစ်နေသည်။ဒီကောင်လေးနဲ့ကတော့ ...။သူ့ဖေဖေ မှာနေသည်များကိုလည်း ကြားမည့်ပုံပေါ်မည်မဟုတ်။သို့နှင့် Mina သည်လည်း ဦးလေး ကို ကူထည့်စ​ရာရှိသည်များ ကူထည့်ပေးနေလိုက်သည်။ဧည့်ခန်းထဲတွင် ထိုင်နေသော ကောင်လေးတစ်ယောက်သည်တော့ အတွေးပေါင်း မြောက်မြားစွာဖြင့် ရှေ့ဆက်ရမည့် အချိန်ကို တွေးတောနေလေသည်။

ဖေဖေကို Jeon မိသားစုတို့ မွေးစားသည်ကို လက်ခံ မည်ဟု ဝန်ခံ ပြီးသည်နှင့် ဖေဖေအပါအဝင် မွေးစားမည့် Jeon လင်မယား တို့မှာ အတော်လေးကိုအားတက်သရောရှိခဲ့ကြသည်။တက္ကသိုလ်ဝင်တန်း အောင်ထားသော ကျွန့်တော် အတွက် အရာရာ ကျွန်တော် သဘော အတိုင်းသာ ဖြစ်စေရမည်ဆိုသော စကားနှင့်တင် Jeon မိသားစု၏ မိမိအပေါ် မည်မျှအလေးထားကြောင်းသိနိုင်ပေသည်။ဖေဖေကိုလည်း ကျန်းမာရေး ဂရုစိုက်ဖို့ အတန်တန် သတိပေးထားသည်။Mina ကိုလည်း ​ဂရုစိုက်ဖို့မှာထားရသေးသည်။တစ်လ တစ်ခါ ပြန်လာမည်ဆိုသော်လည်း ငယ်ငယ်ကတည်းက မခွဲဖူးသေးသော ကျွန်တော့်အဖို့ အပိုဟုမဆိုချင်။ငယ်ငယ်ကပင် ရပ်ကွက်ထဲ၌ ခရာလေးဖြစ်ခဲ့သော ကျွန်တော့်အဖို့ ​​မြို့ထဲရှိ Jeon အိမ်တော်သို့ သွားမည့်ခရီးတွင် လာရောက် နှုတ်ဆက်စကား ဆိုကြသူများ များပြားလှပေသည်။နှုတ်ဆက်ရန်လာရောက်ကြသော လူများကို နှုတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက်ဆိုသလို Jeon အိမ်က ကားဖြင့်လာခေါ်သဖြင့် ဖေဖေ့ရင်ခွင်ထဲသို့ တစ်ချက်ပြေးဝင်ပြီး နောက်လကုန်တာနှင့်ပြန်လာလည်မည်ဟုလည်း ကတိပေးခဲ့​လိုက်သေးသည်။ထို့နောက်
မြို့ထဲရှိ Jeon အိမ်တော်ဆီသို့ ဦးတည်ခဲ့သည်။

Your Eyes Tell Where stories live. Discover now