Unicode;
" အခု ကမ်းလှမ်းမှု ကိုတော့ ကျွန်တော့်ကြည်ဖြူစွာလက်ခံချင်မိတယ်ဗျာ "
ဖေဖေ နှုတ်မှ ကိုယ်တိုင် ထွက်လာသော စကား ။
ကျွန်တော် မယုံနိုင်ဘူး ဖေဖေ။ကျွန်တော်ကိုယ်တိုင်ကတောင် ဖေဖေနဲ့ မခွဲချင်လို့ ဆက်တက်ရမယ့် တက္ကသိုလ်တွေ အကြောင်းကိုတောင် စဥ်းစားဖူးတာ မဟုတ်။ အခုတော့ ကျွန်တော့်ကိုတောင် မွေးစားသားဆိုတဲ့ နာမ်စားကို ဖေဖေ ကိုယ်တိုင်ပေးတော့မည်ပေါ့။ယခု အခြေအနေသည်လည်း ကျွန်တော်တို့သားအဖ တို့အတွက် မည်မျှ ခက်ခဲနေလို့ပါလိမ့်။ကျွန်တော်သည်လည်း ၁၇ နှစ်ကျော်ပြီး နောက်လပ်ိုင်း အနည်းငယ်တွင်ဘဲ ၁၈ ပြည့်တော့မည်။အရွယ်ရောက်တော့မည့်အချိန်မှ တခြား သူစိမ်းဆီကို အသာတကြည် ထည့်ပေးတော့မည်လား။"သားလေး Chim Chim သားလေး "
ဖေဖေ ခေါ်သည်ကိုလည်း မကြားချင်တော့ပါ။
ကိုယ့်အတွေးနဲ့ကိုယ်ပင် ခန္ဒာကိုယ်တစ်ခုလုံး ပူလောင်နေသည်။သို့သော်လည်း Jimin အတွေးထဲမှာ ရှိသည်က ငြင်းရမည်ဟူ၍ပင်ဖြစ်သည်။"ဒီက လာကမ်းလှမ်းတဲ့ Jeonမိသားစု လင်မယားကိုတော့ အားနာပါတယ်ဗျ။ ကျွန်တော်ကတော့ ဒီကမ်းလှမ်းမှုကို လက်မခံချင်ဘူးဗျ။ဝမ်းနည်းပါတယ် ကျွန်တော် ငြင်းပါရစေနော် "
ထိုစကားတို့ကိုအက်ကွဲ နေသော အသံဖြင့် လူက တုန်ယင်နေသော်လည်းရှိသမျှအားအကုန်သုံးကာ ယဥ်ကျေးသော စကားများကို အတတ်နိုင်ဆုံး ရွေးသုံး၍ Jimin တစ်ယောက်ပြောမိတော့ ခုနကပင် အပြုံးတွေနဲ့ ရွှန်းဝေနေသော ကျောင်းအုပ်ဆရာမကြီးနဲ့ Jeonမိသားစုလင်မယား နှစ်ယောက် တို့ရဲ့ မျက်နှာ က သိသိသာသာ ပျက်ယွင်းသွားသည်ကို Jimin တစ်ယောက် သိသိသာသာ မြင်လိုက်ရပါသည်။စိတ်တော့ မကောင်းပေမဲ့ Jimin သည်လည်း သူ့ဖေဖေနဲ့ ခွဲနိုင်မည်မဟုတ်။အခုမှဘဲ ဖေဖေ မျက်နှာကို သေချာကြည့်မိလေတယ်။စိတ်ထဲ ဝမ်းနည်းလာသလိုပင်။ကျွန်တော်ငြင်းလိုက်လို့ ဖေဖေ ပျော်နေမည်ထင်နေတာ။နိုး။ ဖေဖေ ကပါ မျက်နှာကြီးနွမ်းနေသည်တဲ့လား။Jiminလည်း ထိုအခြေအနေမှာ
ထပ်ကာ အရဲစွန့်ရင်း"ကျွန့်တော်ကို ကောင်းစားစေချင်ကြတာ သိပေမဲ့
ကျွန်တော်ကတော့ လက်မခံနိုင်ပါဘူး။အရမ်းတွေအားနာပေမဲ့လည်းကျွန်တော် ထပ်ငြင်းပါရစေဗျ"
