Chapter 10

315 27 0
                                        

Unicode;

နိုးနိုးချင်း ဖုန်းကိုင်သည့်အလုပ်က Jimin အတွက်ပထမ။messsage များ ဝင်ထားသည်မှာ ဖတ်ဖို့ပင် အားမရှိတော့ပေ။တော်တော်ဆိုးတဲ့ သူငယ်ချင်းမ Mina။မနက်စာ စားပြီးမှ ဖုန်းခေါ်ပြီး ဆူပစ်ရဦးမယ်။မနေ့က ပင်ပင်ပန်းပန်းနဲ့ အစောကြီး အိပ်ရာ ဝင်လိုက်မိတာ ဒီနေ့အားလပ်ရက် ဖြစ်တဲ့ စနေနေ့မှာတော့ Jungkookie ကို
စာပြပေးဖို့ အချိန်ပိုပေးရဦးမှာဘဲ။မဟုတ်ရင်တောင် ဒီအတောအတွင်း သူ့ကိုအချိန်မပေးဖြစ်တာကြာပြီ။

မနက်စာစားဖို့ အောက်ထပ်ကို ဆင်းသွားသော ထမင်းစားပွဲတွင် ပြင်ဆင်နေသော အန်တီကြီးကိုတွေ့ရသည်။သို့သော်လည်း နှစ်ယောက်စာသာ ပြင်ထားသည်ကို တွေ့ရတော့

" အန်တီ ဦးလေးတို့ မရှိလို့လား..."

" ဟုတ်တယ် လူကလေးရေ...ဆရာနဲ့ ဆရာကတော်တို့က သူတို့မိတ်ဆွေတွေနဲ့ ချိန်းထားတယ် ဆိုပြီး အစောကတည်းက ထွက်သွားကြတယ်...မနက်စာတောင် မစားသွားကြဘူး "

" ဟင်ဟုတ်လား စနေနေ့လေးကိုတောင် မအားကြဘူးကိုး...ကျွန်တော်လည်းကျောင်းပီးပြီး အလုပ်တွေ ကူလုပ်ပေးချင်လှပြီ "

ကော်ဖီခွက်ကို မွှေရင်း Jungkook အလာကို စောင့်နေမိသည်။တော်တော်ကြာသည်ထိ ဆင်းမလာသေးသောကြောင့် အန်တီကြီးကို မေးလိုက်မိသည်။

" Jungkookie က မစားဘူးတဲ့လား အန်တီ "

" ခနနေ ဆင်းလာမယ် ပြောတာဘဲ ခုထိ တော့ ပေါ်မလာသေးဘူး "

မထူးပါဘူး။သူသွားခေါ်မှပါလေ။Jungkook ရှိရာ အခန်းသို့ သွားပြီးတံခါးခေါက်တော့ ချက်ချင်းလာဖွင့်ပေးရှာသည်။မနက်ခင်းမှာ မြင်တွေ့ရတဲ့ကောင်လေးရဲ့ မျက်နာနုနုလေးဟာ Jimin စိတ်ကို အေးချမ်းစေသည်။အခုခေတ် ကလေးတွေများ ဖြူစင်ချက်ဘဲ။အဲ သူကတော့ Uni ရဲ့ King ဖြစ်နေပီလေ။အရင်လိုတော့ ဖြူဖြူစင်စင်လေး တော့ ဘယ်ဟုတ်ပါ့မလဲ။နည်းနည်း ကြွချင်လာသည့် အရွယ်လေးကို ရောက်နေပီ။

" မနက်စာ ဘာလို့ လာမစားသေးတာလဲ...
မဆင်းလာသေးလို့ ကိုကို လာခေါ်တာ ...
လာ သွားစားကြမယ် "

လက်ဆွဲပြီး အောက်ထပ်ကို ဆင်းဖို့လုပ်လိုက်ပေမဲ့ ကြောင်အမ်းအမ်းနဲ့ ရပ်နေတာမို့

Your Eyes Tell Where stories live. Discover now