Chapter 21

563 34 6
                                        

Unicode;

ဒီတစ်ခေါက် အားလပ်ရက်လေးမှာ Jimin တို့ တက္ကသိုလ်ပရိဟိတ အဖွဲ့ဟာ Jeon မိသားစု အများဆုံးထောက်ပံ့လျှက်ရှိတဲ့ မိဘမဲ့ဂေဟာလေးထဲ ရောက်ရှိနေကြသည်။ခလေးများမှာ အင်မတန် ချစ်စရာကောင်းလွန်းနေ၍ အရွယ်ရောက်နေပြီဖြစ်သော တက္ကသိုလ် ကျောင်းသားကျောင်းသူများမှာ လွန်စွာ အသည်း
တယားဖြင့် ပွေ့ဖက်နမ်းရှုံ့ကာ အလုပ်ရှုပ်နေကြသည်။

စီနီယာ Taemin ကတော့ ဂေဟာထဲမှ အကြီးအကဲများနဲ့ စကားတွေ ဖောင်ဖွဲ့ပြီး လုပ်ကိုင်စရာများကို လက်ညိုး တစ်ထိုးထိုးနဲ့
ဂျူနီယာလေးများကို မှာကြားနေသည်။
Park Jimin လေးကတော့ အများသုံးရေကန်လေးကို စီနီယာ အမများနဲ့ သန့်ရှင်းရေး လုပ်ရသည်။ရေစိုမည်စိုး၍ ဒူးပေါ်ထိ ခေါက်တင်ထားသော ဘောင်းဘီအနက်ရောင်လေးနှင့် ပေါ်ထင်နေသော ခြေသလုံးလှလှ အဖွေးသား​လေး
ကြောင့် တက္ကသိုလ်ကင်းကောင်လေး Park Jimin အား လူတိုင်းနီးပါး အကြည့်မခွာနိုင်ကျ။

"ဒီကလေးတွေနှယ့် Jiminie ကိုကြည့်နေတာ
ကြာနေပြီ "

ရေကန်ဘေးနား အရိပ်လေးမှာ လက်ပိုက်ကာထိုင်နေသော မူလတန်းအရွယ် ခလေးများကို လက်ညိုးထိုးပြပြီး စီနီယာအမက ရေကန်တိုက်ဆေးရာမှာ အော်လေသည်။ရေကန်အတွင်းပိုင်းမှာ Jimin သာ ဝင်ပြီး အပြင်ပိုင်းကျ စီနီယာမမတွေက တိုက်ချွတ်ရေလောင်းကြသည်မို့ အရိပ်အောက်က ခလေး အချို့က ခေါင်းထောင်ထောင်လေးဖြင့် သိသိသာသာကြည့်နေကြမို့ အော်လိုက်ခြင်းဖြစ်သည်။

"ဘာလဲ သားသားတို့က ရေချိုးချင်နေပြီမို့လို့
မြန်မြန်ဆေးခိုင်းချင်တာလား "

Jimin သည်ခလေးတွေကို ပြုံးပြပြီး ဆိုလာတော့ ခလေးတွေသည်လည်း လှုပ်လှုပ်ရွရွဖြစ်လာကာ
ဆံပင်ဂုတ်ခွဲလေးနဲ့ ၆နှစ်အရွယ်ခလေးမလေး တစ်ယောက်က ထအော်လိုက်သော စကား
ကြောင့် Jimin အပြုံးကြီး ပြုံးသွားခဲ့ရသည်။

" ကိုကိုရဲ့ ပါးလေးကို ကိုင်ကြည့်ချင်လို့ ကြည့်နေပါ...ဆန်မုန့်လုံးလေးနဲ့ တူလို့ "

အခုခေတ် ကလေးတွေနှယ်။စကားတွေ တတ်နေလိုက်ကြတာ။ထိုခလေးမ စကားကြောင့် စီနီယာ မမတွေပါ သဘောတကျရယ်တော့ Jimin လည်း ရှက်ပြုံးလေးနဲ့ ကိုယ့်ပါးကို ပြန်ဆိတ်ကြည့်မိသည်။ဒါတောင် ဒီနောက်ပိုင်း သူအနေနဲ့ မေးရိုး
တွေ အရင်ကထက်ပိုထင်းလာခဲ့သည်ကို။အရင်က ပါးဖောင်းလေးတွေကို မြင်ရင်ဖြင့် ဒိီကလေး
တွေ ပေါက်စီနဲ့တူတယ်လို့များ ပြောလေးကြဦးမလား။

You've reached the end of published parts.

⏰ Last updated: Apr 01, 2022 ⏰

Add this story to your Library to get notified about new parts!

Your Eyes Tell Where stories live. Discover now