Chapter 20

274 29 2
                                        

Unicode;

ကျွန်တော့်အောင်ပွဲ ပြီးတဲ့ နောက်နေ့မနက်ခင်းမှာ ကိုကိုနဲ့ ဆံပင်ညှပ်ဆိုင်ကို နှစ်ယောက်သား ထွက်လာခဲ့တယ်။အိမ်က ကားနဲ့ လိုက်ပို့ပေးမယ် ဆိုပေမယ့် မလွတ်လပ်သည့်အပြင် အချိန်ခဏလေးဘဲ
ရမှာဆိုးလို့ ကျွန်တော်တို့ နှစ်ယောက် လမ်းလျှောက်ထွက်လာပြီး Bus ကားလေးတွေ
စီးရင်း မြို့ထဲ ပတ်ကြသည်ပေါ့။

" ဒီဆံပင်အုပ်အုပ်လေးကို ဘာအိုင်ဒီယာနဲ့ ညှပ်ချင်သွားတာလဲ ကိုကို..ဆိုင်ကယ်ဦးထုပ်ကေလား အဲ့တာ "
Bus ကားရဲ့နောက်ဆုံးထိုင်ခုံလေးမှာ ထိုင်ရင်း
ကိုကို့ ဆံပင် အုပ်အုပ်လေး က်ို ဖွဖွလေးကကိုင်ပြီး
ကျွန်တော်မေးတော့
" သူများတွေ မညှပ်တဲ့ကေလေ...ငါနဲ့ကျတော့ လိုက်ဖက်နေတာမဟုတ်လား... Kookie ​ပြော
ကြည့် ကိုကိုနဲ့မလိုက်လို့လား "
ခေါင်းလေး အနည်းငယ်မော့က ခလေးလေးတွေလို ဂုဏ်ယူစွာ ပြန်ဖြေတယ်။

ကိုင်ထားတဲ့ လက်တွေကို တင်းကျပ်စွာ ကိုင်ပြီး
ကျွန်တော် တဟားဟားရီမိသည်။
ဒီလို ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော့်ချစ်သူသေးသေးလေးကို ကျွန်တော် လေးနှစ်လောက် ခွဲန်ိုင်ပါ့မလားပေါ့။ဒီအကြောင်း စဥ်းစားမိသွားတာနဲ့ ကျွန်တော် ကိုကို Jimin မျက်နှာလေးကို ကြည့်ရင်း နှမြောစိတ်တွေ ဖြစ်လာရတယ်။

Bus ကားမှတ်တိုင်မှာရပ်တော့ ကျွန်တော်တို့ ဆင်းပြီး စကြ်န်လေးတစ်လျှောက် ကိုကို့ပုခုံးလေးကို ဖက်ပြီး ခြေလှမ်းလေးတွေ ညီညီနဲ့ လျှောက်နေကြမိသည်။ဖြစ်နိုင်ရင် ဒီလို အချိန်လေးတွေကို
ရပ်တန့်စေချင်မိပါသည်။
" ကိုကို ကျွန်တော် ကနေဒါမသွားလိုက်ရမလား "
ရပ်တန့်သွားသော က်ိုကို့ ခြေလှမ်းတွေ။ဘေးနားက ထိုင်ခုံတန်းပြာပြာလေးဆီသို့ ကျွန်တော့်လက်တွေကို ဆွဲခေါ်ကာ ထိုင်စေသည်။
" ဘာလို့များ မသွားရမှာလဲ..
ဒါ Kookie တစ်လျှောက်လုံး ကြိုးစားခဲ့တဲ့ ရလဒ်တွေလေ ..ဆယ်ယောက်ထဲကထိပ်ဆုံး ရွေးချယ်ခံရတာ...သွားရမှာပေါ့"

ခလေးငယ်တွေကို ဆုံးမသော မိဘ တစ်ယောက်ရဲ့ လေသံဖြင့် ကိုကိုသည် ကျွန်တော့်ကို အေးအေးလူလူ မျက်နှာတည့်တည့်ကြည့်ကာဆိုသည်။ကျွန်တော်ကတော့ ကိုကိုသွားခိုင်းမှာ
ကို ကြိုရိပ်မိနေသည့် အတွက် ခေါင်းကိုသာ ငြိမ့်ထားမိသည်။
" ကိုက်ို့ ကိုကြည့်ပါဦး Kookie "
ခေါင်းငိုက်ချထားသော ခလေးဆိုးကြီးကို Jimin ချော့ရတော့သည်။မော့ကြည့်လာတဲ့ မျက်ဝန်းတွေ။လှရက်တယ်ဆိုတာ။ဝမ်းနည်းနေသည့်
အရိပ်ယောင်တွေလည်းပြည့်လို့။
"ကျွန်တော်....ကျွန်တော် ကိုကိုနဲ့မှ မခွဲနိုင်ဘဲဗျာ "
ဟော...ပြောပြီးတာနဲ့ ကျဆင်းလာတဲ့ မကြီးမငယ်မျက်ရည်ပေါက်တွေ။ထိန်းထားတဲ့ ကြားထဲက ထွက်ကျလာသည့်ပုံ။Jimin မှာ ပြာပြာနဲ့ ငိုနေတဲ့မျက်နှာချောချောလေးကို ကိုင်ပြီး မျက်ရည်လေးတွေ သုတ်ပေးမိတယ်။

Your Eyes Tell Where stories live. Discover now