Unicode;
ဂေဟာမှ ပြန်ရောက်သည်နှင့် Jung Kook သည်လည်း ကျောင်းမှ ပြန်ရောက်နှင့်သည် တူပါသည်။သို့သော် Jung Kook မျက်နှာမှာ သိပ်မကောင်းချေ။Jimin ကတော့ သူနှင့်အနည်းငယ် ကြီးနေသော တီရှပ်ကို လဲရန် အခန်းထဲသို့ ဝင်သွားသည်။Jung Kook ကတော့ ဧည့်ခန်းထဲတွင်
အရုပ်ပိုက်ကာ ထိုင်နေရင်း အခုခုကို အလိုမကျ သလို ပုံစံမျိုး ပြုမူနေသည်။" သား ကိုကြည့်ရတာ စာမေးပွဲ မဖြေနိုင်ခဲ့ဘူးလား "
အမေဖြစ်သူ၏ အမေးကို Jung Kook က ချက်ချင်း ခေါင်းငြိမ့်ပြသည်။ထိုကောင်လေးသည် စာမေးပွဲ၌ အမှားတစ်ခု နှစ်ခု လုပ်လာမိသည်ကို လုံးဝ စိတ်တိုင်းမကျချေ။
" ဘာမှ မဖြစ်ပါဘူး သားရယ်
နောက်နေ့ ဖြေရမယ့် ဟာတွေကိုဘဲ အာရုံစိုက် "" နောက်နေ့က စပြီး နားမလည်တာ ရှိရင် ကိုကို Jimin နားကို သွားမေးမှာ မေမေ "
" ဟဲ့သား Jimin က နောက်လ တင်ဘဲ တက္ကသိုလ် တက်ရတော့မှာ သူလည်း သူ့စာနဲ့သူ ဖြစ်တော့မှာ
မေမေလည်း guide တွေ ငှားထားပေးရဲ့သားနဲ့ "" ညဖက်ရောက်ရင် စာပိုလုပ်ဖြစ်တော့
ကိုကို Jimin နားမေးမှ အဆင်ပြေတာ "" ညနက်တဲ့ထိ စာလုပ်နေရင်း သွားမေးတာမျိုး
မလုပ်နဲ့လေ...ဟိုကလေးအိပ်ရေးတွေပျက်ကုန်မယ် "" မေမေကလည်း သား ကိုယ်တိုင် ကိုကို Jimin ဆီ သွားမေးပီး အကူအညီ တောင်းလိုက်မယ် "
ပြောရင်းဆိုရင်း Jimin အခန်းထဲဦးတည်လိုက်သည်။မေမေကတော့ ဒီကလေး ပြောဆိုရ ခက်သည်သဘောဖြင့် ခေါင်းခါနေသည်။Jung Kook လည်း ပြောစရာ ရှိသည်ကို ပြောရန် Jimin ၏ အခန်း တံခါးကို ခေါက်လိုက်သည်။သုံးချက်လောက် ခေါက်ပြီး အကြာမှာတော့ တံခါး ပွင့်လာသည်။
" ကိုကို ကျွန်တော် အကူအညီတောင်းစရာရှိလို့ "
" အခန်းထဲ ဝင်လေ Jungkookie "
Jung Kook လည်း အခန်းထဲ ဝင်ထိုင်ပြီး
" ညဖက်တွေ စာလုပ်ရင် နားမလည်တာ ရှိရင်
ကျွန်တော်လာမေးချင်လို့ ရလားဟင် "Puppy eyes များဖြင့် တောင်းဆိုနေသော ယုန်ပေါက်လေးအား Jimin မငြင်းရက်နိုင်ပါ။
![](https://img.wattpad.com/cover/239903102-288-k634184.jpg)