Chapter 13

324 23 0
                                        

Unicode;

ကားလမ်းမကြီး၏ တစ်ဖက်ဘေးခြမ်းရှိ လမ်းခွဲလေးထဲသို့ Jimin တစ်ယောက် ဆိုင်ကယ်ကို အရှိန်လျော့ပြီး မောင်းဆင်းလိုက်သည်။ပုံမှန်ဆို တစ်ယောက်ထဲ ရွှီးဒိုင်းမောင်းနေကြပေမဲ့ အနောက်တွင်ပါလာသော ယုန်ပေါက်လေး
ကြောင့် တမင်သတိထားကာ မောင်းနေခြင်းဖြစ်သည်။

Jimin တို့ပိုင်သည့် ခြံလေးမှာနေအိမ်နှင့် အနည်းငယ်ဝေးကွာသောကြောင့် ကျောင်းတက်တုံးက သုံးခဲ့သည့် လက်စွဲတော် ဆိုင်ကယ်လေးကို မောင်းနှင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။မြေနီလမ်းလေးမို့လို့ ဖုန်အတော်လေးထသည်။ထို့ကြောင့်လည်း ဦးထုပ်ကြီးကြီးဆောင်းလာသည်ကို သကောင့်သားက ကြည့်ပြီး ရီနေလိုက်တာများ။သူ့ကို လည်း ဆောင်းဖို့ဦးထုပ်ပေးတော့
စတိုင်လ် ပျက်သည်တဲ့။စတိုင်လ်တွေ မလိုင်တွေတော့ မသိပေမဲ့ အခုလမ်းအနေအထားနဲ့ဆိုတော့
သူနောင်တရနေလောက်ပီ။

" ကိုကို ခြံထဲက မရောက်သေးဘူးလား နေကပူ
ဖုန်ကထူနဲ့ "

အနောက်ကနေ ထိုင်နေသူက သူ့ပုခုံးလေးနားတိုးက ကျယ်ကျယ်လေးမေးလာသည်။ပြောသားဘဲ။မင်းမှ ငါ့စကားနားမထောင်တာ။

" ရောက်ပြီ Kookie ရဲ့ ရှေ့နားလေးတင် "

" မြန်မြန်လေးမောင်းဗျာ.."

သေချာပါတယ် ဒီလေသံလောက်နဲ့ဆို ယုန်ပေါက်လေး စိတ်ရှုပ်နေလောက်ပြီ။ထို့ကြောင့်လည်း သူအရှိန်အနည်းငယ် တင်လိုက်မ်ိသည်။

ဟာ့

ရုတ်တရက်အရှိန်ကြောင့်လည်းပါ ချိုင့်ခွက်ထဲ ကျမိတာလည်း ပါ၍ မောင်းနေတဲ့ Jimin ကိုယ်တိုင်ကပင် အနည်းငယ်လန့်သွားသည်။ဒီနောက်ပိုင်း လမ်းတွေက အခြေအနေပိုဆိုးလာတာဘဲ။

ခါးကို ရုတ်တရက်ကြီး ဖက်တွယ်လာသည့် လက်ချောင်းရှည်ရှည်တွေကြောင့် လူက တစ်မျိုးကြီးပိုဖြစ်သွားသည်။

" မြန်မြန်မမောင်းလည်း ရတယ် ကိုကို
ကျွန်တော် မသေချင်သေးဘူး "

ငိုမဲ့မဲ့လေသံဖြင့် ပြောနေသော်လည်း တမင်သူ့ကို စနှောက်နေမှန်းသိပါသည်။ဒီကောင်လေးကို Jimin လည်း ပြန်စနှောက်ချင်တာမို့ တမင် နှိမ့်သော ချိုင့်ခွက်လေးထဲသို့ မောင်းလိုက်သည်။
ဆိုင်ကယ် တစ်ချက် ခုန်သွားတိုင်း ပိုတင်းကျပ်လာတဲ့ လက်တွေကြောင့် Jimin ပြုံးမိသည်။တကယ်ကြီး ကြောက်နေတာဘဲ။

Your Eyes Tell Where stories live. Discover now