Love Scenario (Unicode)

2.3K 234 13
                                    

ဒီနေ့က တနင်္ဂနွေ။
ရှားရှားပါးပါးရတဲ့ အားလပ်ရက်မို့ ဒီနေ့တော့ အဝအိပ်ဖို့ စိတ်ကူးတယ်။ သက်လတ်ပိုင်းအရွယ်သူ့မှာ အခုထိ အနုပညာအလုပ်တွေ ဝါသနာပါရာအလုပ်တွေနဲ့ မအားလပ်နိုင်သေး။ နှစ်ဆယ်ကျော်သက်တမ်းတစ်လျှောက်လုံး စောစောထ နောက်ကျမှအိပ် တစ်ခါတလေ ညလုံးပေါက်ခဲ့ရတဲ့ အသေအလဲ အလုပ်ကြိုးစားခဲ့ရမှုတွေကြောင့် ကြောင်နေတတ်တဲ့မျက်လုံးက အခုလိုမနက်မှာလည်း စောစောစီးစီးလာပွင့်နေတတ်တယ်။

ဘေးနားကဖုန်းကို ယူကြည့်လိုက်တော့ မနက် လေးနာရီလေးဆယ့်ငါး။ အိပ်နေရာက ထလိုက်တယ်။ တစ်ခုခုစားမယ်။ ပြီးရင် ပြန်အိပ်မယ်။

.....

ခပ်စောစောမှာ စူပါမားကတ်တစ်ခုကို ရောက်ပြီး လူတော်တော်များများ ချောဆွဲတာကိုခံလိုက်ရသေးတယ်။ ဝမ်ရိပေါ်မလား ဆိုတဲ့ ခပ်တိုးတိုးအသံတွေနောက် သူ့ဟူဒီခေါင်းဆောင်းကို ပိုလို့ခပ်ငိုက်ငိုက်ဆွဲချဖြစ်တယ်။ ခပ်ပျံ့ပျံထွက်လာတဲ့ ကင်မရာရိုက်သံတွေ။ ဆယ်စုနှစ်တစ်ခုကြာတာတောင် သူနေရခက်ဆဲ။ အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို ထုတ်ပြီးပြုတ်လိုက်တယ်။ လှီးချွတ်ထားတဲ့ အသီးအရွက်တွေက မညီမညာမလှမပေပေမဲ့ သူတစ်ကိုယ်စာ စားကောင်းရုံလောက်ကိုတော့ ချက်တတ်ခဲ့ပြီ။ အစပ်ကဲတဲ့ ခေါက်ဆွဲပြုတ်ကို သာမာန်လိုပဲ စားနိုင်အောင် ဘယ်အချိန်ကတည်းက သူလေ့ကျင့်ဖြစ်ခဲ့မှန်းတောင်မသိတော့ပါဘူး။

တီက နဲ ဖုန်းထဲ message ဝင်လာတယ်။ ဆက်တွေးမယ့်သူ့အတွေးတွေကို ဖြုတ်ချလိုက်တဲ့ Message ဝင်သံ။ ဖွင့်ကြည့်လိုက်တော့ သူ့မန်နေဂျာဆီက။

"Schedule"

ခေါင်းစဉ်ကတော့တစ်မျိုးတည်းပဲ။ အောက်မှာပါတဲ့ဇယားကွက်ထဲက ရက်သုံးဆယ်စာနေ့တွေ‌ကတော့ ဘယ်နေရာမှ အကွက်လွတ်ရှိမနေခဲ့ဘူး။ ပွဲတစ်ခုခု cancel လို့ရပါစေလို့ သူတိတ်တိတ်ကလေးကြိတ်ဆုတောင်းလိုက်တယ်။ တစ်ချို့ရက်တွေမှာ သူပျင်းမယ်။ တစ်ချို့ရက်တွေမှာ သူလျစ်လျူရှုမယ်။ ထွက်ပေါက်တွေကို ဝါသနာပါတာလေးတွေလုပ်လို့သူရှာတယ်။ တစ်ခါတလေ ထပ်ဝင်မလာတော့တဲ့ message box ထဲက စာတွေကိုဖတ်တယ်။

မှိုင်းလွင့်သောWhere stories live. Discover now