မှိုင်းလွင့်သော

6.8K 568 29
                                    

လောကကြီးဟာ ချက်ချင်းပဲ အရောင်မဲ့သွားသလိုပဲ။ ဒီနေရာကဆေးရုံဖြစ်တယ်။ ပြီးတော့ သူ ဆေးရုံ ပန်းခြံက ရေပန်းရှေ့မှာထိုင်နေတယ်။ တဖွားဖွားလွင့်ကျနေတဲ့ ရေတွေက သူ့ကို အေးချမ်းမှုမပေးနိုင်ဘူး။ သူ့အသက် ၂၈ နှစ်အထိ ကောင်းကောင်းမွန်မွန်အသက်ရှင်ခဲ့ရတာကိုပဲ သူကျေးဇူးတင်သင့်သလား သူမသိဘူး။ ကောင်းကင်ကြီးကခပ်ပြာပြာပဲ။ သူ့စိတ်တွေကတော့ မှိုင်းလွင့်နေတယ်။

"ကလစ်"

ဖြတ်ကနဲ လင်းသွားတဲ့ Flash မီးနဲ့အတူ ကင်မရာသံကိုကြားလိုက်ရတယ်။

"အာ...ငါမီးဖွင့်ထားမိတာလား"

နဂိုကမကြည်တဲ့စိတ်ကြောင့် ရှောင်းကျန့်မျက်လုံးတွေက သေချာပေါက်မာနေမှာ။

"ခင်များကိုရိုက်တာမဟုတ်ဖူး။ ရေပန်းကလှလို့"

ပေစောင်းစောင်းကြည့်ပြီး သူ့ဖုန်းကိုမြောက်ပြနေတဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ သူ့ရဲ့ဆေးရုံဝတ်စုံပေါ်မှာထပ်ထားတဲ့ အနွေးထည်ကိုဆွဲစိပြီး သူ့ဘေးမှာထိုင်ချတယ်။

"ခင်များကိုတွေ့လိုက်တယ်။ ဆရာဝန်အခန်းမှာလေ။ ဦးနှောက်ကင်ဆာမဟုတ်လား"

ရှောင်းကျန့် ရှေ့လှည့်လိုက်တယ်။

"မင်းကရော.."

"Heart attack"

"ရိပေါ်....!"
ခပ်ဝေးဝေးကအသံကနီးလာပြီး မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။

"ဘယ်တွေသွားနေတာလဲ..မားဖြင့်စိတ်ပူလိုက်ရတာ"

သူ့ဘေးကကောင်လေးက ဖုတ်ဖတ်ခါပြီးထတယ်။

"နောက်မှတွေ့မယ်ဗျာ"

ရှောင်းကျန့်စကားမပြန်မိပါဘူး။

......

သူဝှီးချဲကိုအသုံးပြုနေရပြီ။ CT scan အတွက် ဆရာဝန်ကသူ့ကိုလာခေါ်တယ်။ မိဘဆွေမျိုးမရှိတဲ့ တစ်ကောင်ကြွက်မို့ သူ့ဘေးမှာ ဘယ်သူမှမရှိတာ ဆန်းတော့မဆန်းပါဘူး။ ဓာတ်လှေကားပွင့်သွားတော့ အထဲမှာရောက်နှင့်နေတဲ့သူရှိတယ်။ ဆေးရုံသုံးဦးထုပ်အကြပ်ကိုစည်းထားလို့ မဆန့်မပြဲထိုးထွက်နေတဲ့ ဆံနွယ်တစ်ချို့တစ်လေကိုမြင်ရတယ်။ ဟိုတစ်နေ့ကကောင်လေး။

မှိုင်းလွင့်သောWhere stories live. Discover now