ဝမ်ရိပေါ်ဟာ ပုံမှန်မဟုတ်တဲ့ ဉာဏ်ရည်မြင့်မားမှုနဲ့အတူမွေးဖွားလာခဲ့တယ်။ အတန်းထဲမှာ ပထမရဖို့ဆိုတာ သူ့အတွက် ချိုချဉ်အခွံခွာရသလိုမျိုးပဲလွယ်တယ်။ ပထမဆုံးအကြိမ် အင်တာနက်ကဖေးကိုရောက်တော့ အဲ့ဒီမှာအချိန်ပိုင်းဝင်လုပ်နေတဲ့ ရှောင်းကျန့်ဆိုတဲ့လူကိုတွေ့ရတယ်။
"ဘာလို့အိမ်မပြန်တာလဲ"
"...."
"မင်းညနေတိုင်း လေးနာရီအတိဆို ဒီကိုရောက်ပြီ ။ ပြီးရင်တစ်ညလုံးမပြန်ပဲ ဂိမ်းဆော့တယ်။ မနက် ခေါက်ဆွဲတစ်ပွဲမှာစားပြီး ကျောင်းသွားတယ်။ ဒီနေ့နဲ့ဆို လေးရက်မြောက်ပဲ။ ငါရဲစခန်းသွားပြီး လူပျောက်ကြော်ငြာရှိမရှိရှာကြည့်မလို့"
တစ်ဖက်လူက ထောက်ကနဲ ခေါက်လိုက်တဲ့ ဆစ်ကလက်ပြာကလေးတွေက လေထဲမှာ ဝဲသွားတယ်။ ဘာလို့အိမ်မပြန်တာလဲ????မပြန်ချင်လို့ပေါ့။
"ခများလည်းအိမ်မပြန်ပါဘူး"
"အော်...ဒီမှာ ဒါဘာလဲသိလား။ မှတ်ပုံတင်ကတ်လေ။ ဒါလေးကဘာလဲသိလား။ ငါ့မွေးသက္ကရာဇ်။ ဟော.....ငါလေးက အသက်ပြည့်ပြီးသားလေး။ အဲ့ဒီဘက်က ကလေးလေးကရော...??? မှန်း!!အသက်ရော ဟိုဟာရော ဘာမှပြည့်သေးတဲ့ပုံမပေါ်ပါဘူးနော်"
ပြောရင်းသူ့ဆံပင်တွေကိုဆွဲဖွလာလို့ ရိုက်ထုတ်ပစ်လိုက်တယ်။ ပြီးတော့ အဲ့ဒီလူရှေ့က သူထွက်ပြေးလာတယ်။ ရယ်သံချိုချိုတွေက သူ့နောက်လိုက်လာခဲ့တယ်။ မှတ်ပုံတင်ကိုတစ်ချက်ပဲ ကြည့်လိုက်တာပေမဲ့ ပုံမှန်မဟုတ်တဲ့ ဉာဏ်ရည်ကြောင့် အချက်အလက်သေးသေးလေးတွေ ကိုပါ အလွတ်ရလာခဲ့တယ်။ သူ့ထက်ခြောက်နှစ်ကြီးတယ်။ ထင်ရှားတဲ့အမှတ်အသားက နှုတ်ခမ်းထောင့်က မှဲ့တဲ့။