သက်လယ် _ ၁(Unicode)

2.9K 424 44
                                    

"ဒီလောက်ကဒဏ်ရာ မှမဟုတ်တာ"

နောက်ဆုံး ဂွမ်းကို ထုတ်လို့ ရှောင်းကျန့် သက်ပြင်းချလိုက်တယ်။ လောကကြီးမှာ လူနှစ်မျိုးရှိတယ်။ သူနဲ့ ကီးကိုက်တဲ့ သူနဲ့ ကီးမကိုက်တဲ့သူရယ်။ သူ့ရှေ့က စစ်သားသေးကွေးလုံးရဲ့ ခေါင်းပေါ်က ဆံပင်ငုတ်စိတွေကို ဇာဂနာနဲ့ တစ်ချောင်းချင်းဆွဲနှုတ်ချင်လာတယ်။ ကီးမကိုက်ဖူးဆိုတဲ့နေရာမှာ နည်းနည်းလေးတောင်အံဝင်ခွင်ကျဖြစ်မလာဘူး။ သူ့ ဂျူတီသာ မဟုတ်ရင် ရှောင်းကျန့် က ဒီအာဂသတ္တိခဲကို ဒီလောက်သည်းခံမှာမဟုတ်ပါဘူး။

"ဒါက ဒဏ်ရာမဟုတ်ဖူးလား။ ဗိုလ်လေး ၊ ကျွန်တော် ခဏခဏပြောဖူးတယ်ထင်တယ်။ အသက်က အပိုမပါဘူး။ "

မျက်နှာက ပွထနေတဲ့ ပလာစတာတွေကြောင့်လက်ဖျံရိုးပေါ်က အနာကို သူဖိကိုင်ပစ်လိုက်တဲ့အခါ တပ်ဆေးရုံ ကုတင်စိမ်းပေါ် ငုတ်တုတ်ခြေတွဲလောင်းထိုင်နေတဲ့ ဗိုလ်ပေါက်စက မျက်ခုံးတွေ အရုပ်ဆိုးဆိုးပဲ တွန့်ကျုံ့သွားတယ်။

" ရှောင်းကျန့်။ ကျွန်တော်က ခများကို ချစ်လွန်းလို့ သည်းညည်းခံနေတာနော်။ "

"အောဟော်။ အဲ့တော့ သည်းခံပေးလို့ ကျေးဇူးတင်ရမယ့်သဘောပေါ့။ "

"ကျေးဇူးတင်တာမလိုချင်ဘူး။ အရင်တစ်ခေါက်ကတည်းက အဖြေတောင်းထားတာ။ အခုပေးတော့။"

"ဒေါင်"

ဘေးစားပွဲပေါ်က စတီးခွက်က ဗိုလ်လေး ခေါင်းလုံးလုံးပေါ် ဒေါင်ကနဲ ရောက်သွားတယ်။ ရှောင်းကျန့်ကောက်တီးလိုက်တာ။

"အရာရှိ မယားတွေ အကုန်တက်ရမှာလေ။ ငါကျမှ မလိုက်ချင်ဘူးလို့ ငြင်းလို့ရမလား။ မသွားစေချင်ရင်လည်း အစကတည်းက ဗိုလ်သင်တန်းမတက်ပဲနေခဲ့ပါလား။ အခုမှ တဂျီဂျီနဲ့ ။ နားညည်းတယ် ဝမ်ရိပေါ် ။ မင်းပြန်လိုက်တော့။"

ရိပေါ်မျက်နှာက ငယ်ကနဲ။ ဖုသွားတဲ့ ခေါင်းကဘုကို အနာမရှိတဲ့ လက်နဲ့ ပွတ်လိုက်တယ်။ သွားမှာလား မသွားဘူးလားမှာ မသွားဘူးဆိုတဲ့ အဖြေပဲ လိုချင်ခဲ့တာကို။ ရှေ့တန်းကပြန်ရောက်တုန်းလေး ကျန့်ကော အနားမှာ ကော်လိုကပ်နေချင်တယ်။ ဘယ်လိုတောင် ပိုးပန်းပြီး ယူထားရတဲ့ သူလဲ။ သုံးနှစ်သုံးမိုး လိုက်ရတယ် ဆိုတာကို ရိပေါ်တို့က ရယ်ချင်သေးတယ်။ သူ့မှာ ငါးနှစ်သားလောက်ကတည်းက ကျန့်ကော မျက်နှာ တစ်ရွာထင်ပြီး နေ့တိုင်းအိမ်ကရတဲ့ ချိုချဉ်လုံးကလေးတွေပေးလို့ ပိုးခဲ့ရတာ။ အခုတော့ ဖင်ယားပြီး တပ်ထဲ ဝင်မိလို့ သူအားရင် ကျန့်ကောက မအား ကျန့်ကော အားတဲ့အချိန်ကျ သူက ရှေ့တန်းသွားရနဲ့ မြင်သာမြင်ရ မကြင်ရတဲ့ ကိတ်မုန့်တုံးလေးကို သွားရည်တမြားမြားနဲ့ ငမ်းနေရတယ်။

မှိုင်းလွင့်သောWhere stories live. Discover now