-m o n s o o n - (Unicode)

1.5K 142 7
                                    

Music recommendation: River flows in you

...........

စက်တင်ဘာလရဲ့ တနင်္ဂနွေနေ့မနက်မှာ ကျွန်တော့် email ထဲ စာတစ်စောင်ဝင်လာခဲ့တယ်။ ပုံနှိပ်တိုက်က ကျွန်တော့်လက်ထောက်အယ်ဒီတာ မိန်းကလေးဆီက။

"Sir. သူလက်ခံပြီ"

...............

"ရိုက်နေကျမို့ စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော့်အကျင့်က အကုန်မှတ်တမ်းယူတတ်တာမို့။ ပြန်ရေးတဲ့အခါ ဒါတွေကိုပြန်ကြည့်ရတယ်။ တစ်ချို့စကားလုံးတွေဆိုတာ မျက်နှာမှာပဲပေါ်တတ်တာမျိုးလေ။"

ကင်မရာဆင်နေရင်း ကျွန်တော့်ရှေ့ခုံမှာထိုင်နေတဲ့ လူကိုလှမ်းပြောမိတယ်။ကျွန်တော့်စကားကို အဲ့ဒီလူက အေးအေးသက်သာပဲ ပြုံးပြတယ်။ စာအုပ်တွေများတဲ့ သူ့ရုံးခန်း ခပ်ညိုညိုထဲမှာ ဒီလူကပဲ ရှပ်အင်္ကျီအပြာရောင်နဲ့ ကွက်လို့လင်းနေတယ်။ သေသေသပ်သပ် ဖြီးသင်ထားတဲ့ ဆံပင်နက်နက်တွေရယ်။ သိပ်လှပါချည်ရဲ့လို့ ပြောတတ်ကြတဲ့ အဲ့ဒီအပြုံးတွေရယ်ပေါင်းလိုက်တဲ့အခါ သူ့ရှေ့က လူဟာ အသက် လေးဆယ်ကို ငါးနဲ့ကျော်ထားတဲ့ သူမှန်း သူရုတ်တရက်ပဲ မေ့သွားတယ်။ သေချာပေါက် အသက်နှစ်ဆယ်အရွယ်ကစလို့ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ အော်ပရာအနုပညာရှင် ဆိုတာကိုရောပေါ့။ သူဒီလူကို လိုက်နေတာ တစ်နှစ်နီးပါးရှိပြီ။ မထင်မှတ်ပဲ သူအစတစ်စကိုဆွဲထုတ်မိလိုက်တဲ့အချိန်ကစလို့။

သူစိတ်ဝင်စားတာဟာ ဒီလူဘယ်လောက်အထိ သူ့နယ်ပယ်မှာ စွမ်းရည်ပြည့်ဝကြောင်း တွေမဟုတ်။ ဒီလူရဲ့ ဘုန်းတော်ဘွဲ့တွေက ဒီလူရဲ့အသက်ထက်တောင် ကြီးမားနေချိန်မှာ ဒီလူရဲ့အောင်မြင်မှုတွေကို ရေးပြဖို့ရာ သူစိတ်မဝင်စား။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက သူတို့ကုမ္ပဏီကလုပ်တဲ့ ညစာစားပွဲတစ်ခုမှာ နာမည်ကြီးလှပါတယ်ဆိုတဲ့ ဒီလူကို သူလူချင်းတွေ့ခဲ့ရတယ်။ Bi  အဖြစ် လူတွေသတ်မှတ်ထားကြတဲ့ သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ကွဲပြားစွာပဲ ဒီလူဟာ အင်မတန်ကို ကိလေသာစိတ်ခမ်းသယောင်နဲ့ လောကကြီးအလယ်က အထီးကျန်အဆန်ဆုံးဆိုတဲ့ ပုံရိပ်ကိုလှစ်ပြနေသလိုပဲ သူခံစားခဲ့ရတယ်။

မှိုင်းလွင့်သောWhere stories live. Discover now