ငါတို့အိမ်ကပေါက်စီလုံး

885 139 5
                                    

လူတစ်ယောက်က တစ်ယောက်အပေါ် ဆက်ဆံတဲ့ အကျင့်စရိုက်က ပတ်ဝန်းကျင်ကနေတစ်ဆင့်၊ မိဘအသိုင်းအဝိုင်းကနေတစ်ဆင့်၊ ပင်ကိုယ်ဗီဇကနေတစ်ဆင့်၊ အလိုက်သင့်အလျားသင့်သင်ယူခြင်းပြောင်းလဲခြင်းကနေတစ်ဆင့် ဆင်းသက်လာတာပေမဲ့ အိမ်ကပေါက်စီလုံးရဲ့ ဆက်ဆံရေးအမူအကျင့်ကတော့ ရှောင်းကျန့်ကိုဗဟိုပြုပြီး ပြောင်းလဲဆက်ဆံခြင်းဖြစ်ပါသတဲ့။

ပေါင်းရသင်းရခက်ဟန်ရှိတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးအဖြစ်ကနေ ရိုးလက်စ်နာရီတွေ မချွတ်တမ်းပတ်တတ်တဲ့ နှစ်ဆယ့်ခုနှစ်နှစ်အရွယ် အမျိုးကောင်းသားလေးဖြစ်လာတဲ့အချိန်တွေအထိ ပေါက်စီလုံးဟာ သူလိုလိုလားလား လက်သင့်ခံခဲ့တဲ့ သူ့ကံကြမ္မာကြိုးနီကလေးပဲဖြစ်တယ်။

ဒီကြိုးကလေးနဲ့ပတ်သက်ပြီး ငိုရတာပဲဖြစ်ဖြစ်၊ ရယ်မောပျော်ရွှင်ရတာပဲဖြစ်ဖြစ် သူအားလုံးကိုသဘောကျတယ်။ ဒါကတော့ ပေါက်စီလုံးကိုဗဟိုပြုပြီး ပြောင်းလဲလာတဲ့ သူ့အကျင့်စရိုက်အသစ်ပဲဖြစ်မယ်ထင်ပါတယ်။

..........

"ရှောင်းကျန့်! ကျွန်တော်ခများကို လေးရက်စာပဲချစ်နိုင်တယ်"

"နွေဦးရယ် နွေရယ် ဆောင်းဦးရယ် ဆောင်းရယ် လား"

"ခများမယ် နည်းနည်းလေး ro လို့မရဘူးလား"

" ဘာလိုသလဲ ဝမ်ဝမ်ရှိနေပြီပဲကို"

............

သိုယင်းက trending စာတွေကို စိတ်ကူးပေါက်တဲ့အချိန် ပေါက်သလိုရွတ်ပြတတ်တဲ့ ချစ်သူတစ်ယောက်ရှိလာတဲ့အခါ ကိုယ့်ထက် ခြောက်နှစ်ငယ်တဲ့ ကလေးလေးတွေကလည်း အရမ်းချစ်စရာကောင်းကြောင်း ခများတို့သဘောပေါက်လာလိမ့်မယ်။

........

"ဒီနှစ် နွေဆို ကိုယ်တို့အကြောင်းချပြကြစို့လေ။"

" ကျွန်တော်လိုချင်တဲ့ပန်းတိုင်မရောက်သေးသရွေ့မရဘူးပဲ။"

........

သူ့ဘက်ကိုယ့်ဘက်ကြည့်တဲ့ ဆက်ဆံရေးတစ်ခုမှာ ကိုယ်ဟာသူ့အတွက် ထိုက်တန်အောင်ဆိုတဲ့ နှုန်းမျိုးနဲ့ ညှိယူကြတဲ့သူဘယ်နှစ်ဦးရှိမယ်မှန်းမသိပေမဲ့ ၊ သူလည်းအရေးမစိုက်ပေမဲ့ သူ့အိမ်ကပေါက်စီလုံးကတော့ သူထိုက်တန်တယ်လို့ထင်တဲ့တစ်နေ့မှ အတူတူချပြမယ်ဆိုပြီး သူ့ကို ကျေကျေနပ်နပ်ကို သံသယမရှိ စင်ဂယ်အသွင်ယူထားစေပါတယ်။ တစ်ခါတလေ နောင်တရအောင်လုပ်ပစ်ချင်ပေမဲ့ လုပ်ပြီးရင် ခံရမှာက သူမို့ ရှောင်းကျန့်ဒီအတွေးကိုလက်လျှော့ထားပါတယ်။

မှိုင်းလွင့်သောWhere stories live. Discover now