သက်လယ် -၃ (Unicode)

2.1K 309 7
                                    

"ဗိုလ်လေး ဒီတစ်ခေါက် ဆရာလေး သူ့မိဘတွေအိမ်ပြန်တာ ဘာလို့လိုက်မသွားတာလဲ"

ရိပေါ်ဟာ ဟော့ပေါ့အိုးထဲက အမဲပုဆိုးကြမ်းတွေကို နှိုက်နှိုက်စားရင်းပြန်ဖြေတယ်။

"ငါ့‌ေခြထောက်ဒဏ်ရာမကောင်းသေးလို့ မလိုက်ရဘူးတဲ့"

ပြီးခဲ့တဲ့ စစ်ဆင်ရေးမှာ နည်းနည်းလေးတိမ်းစောင်းမှုကြောင့် ဗိုလ်လေးရိပေါ်ခြေထောက်တစ်ဖက်က သေနတ်မှန်တယ်။ ဆရာ့ယောကျာ်း ဆရာရှောင်းရဲ့ ဘာနေနေ မပျက်ယွင်းတတ်တဲ့အပြုံးမျက်နှာကို အဲ့နေ့တွေတုန်းက ဘယ်နားသွားရှာရမှန်းမသိလောက်အောင် ပျက်ကျနေတာကို တပ်ထဲက လူတိုင်းတွေ့ရတယ်။

လမုန့်ပွဲတော်လုပ်တာကြောင့် ဆရာရှောင်းအိမ်က ပါပါးမာမားတို့ကပြန်ခေါ်တော့ ဆရာရှောင်းတစ်ယောက်တည်း ခဏပြန်သွားတယ်။ တပ်ထဲမှာလည်း ROC နေ့မို့ အလုပ်တွေရှုပ်နေတာလား အရှုပ်တွေပဲ လုပ်နေကြတာ‌လားမသိလောက်အောင် ပျားပန်းခတ်နေတယ်။ ဗိုလ်လေးဝမ်ကတော့ ဒီရက်ပိုင်း အစားနဲ့ ပါးစပ်မပျက်။ ခပ်ပိန်သွယ်သွယ်နဲ့ ကျစ်လျစ်တဲ့ အရင်ခန္ဓာကိုယ်က အခုတော့ စစ်စိမ်းရောင် စပို့ရှပ်အောက်မှာ ခပ်လုံးလုံးဗိုက်ပူပူကိုတစ်စွန်းတစမြင်နေရပြီ။ လျှော်စရာအဝတ်တွေကို ပိုက်ပွေ့လို့ တပ်သားအသစ်ကလေးဟာ သက်ပြင်းချပြီး အခန်းထဲကထွက်သွားတယ်။

သုံးရက်စာကို သုံးလစာလောက် ပြင်ဆင်ပေးသွားတဲ့ ဆရာရှောင်းရေခဲသေတ္တာက အခန်းထဲမယ် အခန့်သား။

ရိပေါ်ဟာ နံနံပင်အရသာဒိန်ချဉ်တစ်ဗူးကို အစာပိတ်သောက်ပြီး ဒီတိုငိးကြီးအိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ‌တော့ ရှောင်းကိုကို‌လေးရဲ့ နှုတ်ခမ်းဖျားက လမုန့်တစ်ခြမ်းကို ဆွဲဆွဲကိုက်နေတယ်တဲ့!

...........

ပြီးခဲ့တဲ့ နှစ်နာရီက ပို့ထားတဲ့ စာတွေကို အပြန်ပြန်အလှန်လှန်ကြည့်လို့ ရိပေါ်ဟာ စစ်တန်းလျားအဆောင်ဘန်ဂလိုရှေ့က အုတ်လှေကားထစ်ပေါ်မှာ ငုတ်တုတ်။

"မောင်စောင့်နေမယ်"

စာလေးက seen မပြပါဘူး။ ပူပန်ရတဲ့စိတ်တွေ တပွေ့တပိုက်နဲ့ လူတစ်ယောက်ကို စောင့်မျှော်နေရတာက ဘယ်လောက်ပင်ပန်းကြောင်း လက်တွေ့သိရတဲ့အခါ သူပြန်လာတိုင်း မျက်နှာခပ်ညိုညိုနဲ့ ပြုံးတတ်တဲ့ ရှောင်းကျန့် အပြုံး နွမ်းလျလျတွေကို စာနာတတ်သွားခဲ့တယ်။

မှိုင်းလွင့်သောWhere stories live. Discover now