မှိုင်းလွင့်သော

1K 118 5
                                    

နှလုံးသားကိုတို့ထိခဲ့တဲ့ ပထမဆုံးအရာတွေဟာ မေ့ပစ်လိုက်ဖို့ရာ သိပ်ခက်ခဲတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့မဖြစ်နိုင်သလောက်ပဲ။

Emily Bronte ရဲ့ Wuthering Heights
Yiruma ရဲ့ Kiss the Rain
လမ်းထိပ်က Milk Tea
ခဲတံထိပ်က ပုံကြမ်း
ပထမဆုံးကြည့်ခဲ့ဖူးတဲ့ အပြာကား
ပြီးတော့
လိမ္မော်ရွက်တွေရဲ့ အနံ့ နဲ့တူတဲ့ အချစ်ဦး။

..........

ကျောင်းအသံသွင်းစတူဒီယိုအခန်းထဲက အချက်ပေးမီးကလေးတွေ က တဖြတ်ဖြတ်လင်းနေတယ်။  record ခလုတ်ကိုနှိပ်လို့ သူကိုင်ထားတဲ့ စာအုပ်ကစာတွေကို ဖြည်းဖြည်းချင်းဖတ်တယ်။

"ည ရှစ်နာရီ..... နိုဝင်ဘာရဲ့ ပထမဆုံးမိုးပါ.....ပထမဆုံးနှင်းကိုတော့... ဆရာတို့ အတော်ကလေးမျှော်ရဦးမယ်ထင်တယ်.... ။ စာတွေကျက်ရတာများလို့ပင်ပန်းနေပြီလား။ ဆရာ ဒီနေ့ မင်းတို့အတွက်..ရွေးထားတဲ့ စာအုပ်က အမ်မလီဘရွန်တီ ရဲ့ Wuthering Heights။ အနုပညာတန်းအတွက် လွယ်ကူတဲ့ မေးခွန်းခေါင်းစဉ်တစ်ခုအဖြစ် ဆရာဒါကို မေးခွန်းမူကြမ်းသွင်းထားတယ်။ ပိုပြီးရင်းနှီးသွားအောင် ဒါကို အသံလွှင့်ဖို့ ဆရာတို့ဆုံးဖြတ်ထားတယ်။ မင်းတို့သာ မိဘမဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ရင်....ဒါမှမဟုတ်...မိဘမဲ့ ကလေးတစ်ယောက်ကို မွေးစားခွင့်ကြုံ ခဲ့ရင်....ဆိုတဲ့ အတွေးမျိုးများ တွေးမိဖူးကြသလား........"

ဆယ်ကျော်သက်အရွယ်မှာ အာသာဖြေခြင်းအပြင် နှစ်နှစ်ရရ လုပ်ခဲ့တဲ့ အလုပ်ကတော့ ရှစ်နာရီထိုးတိုင်း ကြားရတဲ့ ကျောင်းရေဒီယိုလိုင်းတွေဆီက အသံကို စာရေးခုံပေါ်မှောက်အိပ်ရင်း နားထောင်ခဲ့ရတာပါပဲ။

ဆယ့်ငါးနှစ်မှာ ဆေးလိပ်ခိုးသောက်ရတာကြိုက်ပြီး ဆယ့်ခြောက်နှစ်မှာ တင်ကြီးကြီးအစ်မကြီးတွေကို ငမ်းရတာကြိုက်ခဲ့တယ်။ ဆယ့်ခုနှစ်နှစ်မှာတော့ လူတစ်ယောက်ကို ခိုးချစ်ရတာသဘောကျလာခဲ့ပါတယ်။

.............

" အဲ့ဘက်ကျောင်းက ကောင်ရဲ့ စံချိန်က 0.56 sec "

"သူ့မာမားက သူဗိုက်ကြီးနေတုန်း သလဲသီးတွေ အရမ်းစားခဲ့လို့ထင်တယ်။"

"ငါလုပ်နိုင်မယ်ထင်လား"

"ငါတော့မဖြစ်နိုင်ဘူးလို့ထင်တယ်။"

မှိုင်းလွင့်သောWhere stories live. Discover now