Episode 4 ( Unicode )

2.8K 273 3
                                    

ထာဝရအတွက်
အပိုင်း ( ၄)
She (season 2)

' မွေးသန္ဓေဆိုတာ သေခါမှသာပျောက်တာ သမီးရဲ့ ဒေါ်လေးလည်း သူ့ကိိုနေ့တိုင်းသင်နေတာ နှစ်ပေါင်းလည်းမနည်းတော့ဘူး  ၊  မြတ်နိုးတို့တစ်သက်တောင်ရှိပြီထင်တယ် '

စျေးဆိုင်အတွက်အကူခေါ်ထားသည့် ကောင်မလေးအကြောင်းကိုပြောရင်းမှ ကွပ်ပျစ်ပေါ်၌ စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ချလိုက်သည်။

'ဘာပဲဖြစ်ဖြစ် သည်းခံပါဒေါ်လေးရယ် ခုခောတ်ခုခါကြီးမှာ ဒိီလိုလူတစ်ယောက်ရဖို့ကမလွယ်ဘူး။ ပြီးတော့ ကောင်မလေးက စပ်စလူးလေးလည်းမဟုတ်တာတော်သေးတယ် '

ပြည့်က ဖြောင့်ဖြောင့်ဖျဖျဝင်ပြောလိုက်သည်။ ​သူတို့နှင့်အတူထိုင်နေသည့် အမေက ဟတ်ခနဲရယ်လိုက်ပြီး။

'ကဲ ကဲ ပေါက်ကြီးကတောင် သည်းခံခိုင်းနေရပြီဆိုမှတော့ ညည်းတော်တော်လွန်နေတာဖြစ်မယ်'

' ပြည့် ခုတစ်လော စိတ်ကိုအတတ်နိုင်ဆုံးလျော့နေတာ၊ ဘုရားကန်တော့ တရားလေးဘာလေးမှတ်နဲ့ ဒေါသကိုထိန်းနိုင်နေပြီ '

' ကောင်းတယ် ကောင်းတယ်၊ ဒေါသမရှိတဲ့သူက ငြိမ်းချမ်းတယ် သမီး။ ဒါနဲ့ အိမ်အခြေအနေရော ကြည့်ခဲ့သေးလား'

' တိုင်တွေထောင်နေတာတွေ့ခဲ့တယ် ၊  ပြည့် ဒီလအမေ့သုံးဖို့မပေးတော့ဘူးနော် မနက်ဖြန် မန္တလေးသွားရမှာမလို့'

' မပေးနဲ့လို့ အမေပြောသားပဲကို ၊ မန္တလေးသွားမှာဆို ဖြူ့အတွက် ငံပြာရည်ကြော်ပေးလိုက်ဦးမယ်  ၊ငါ့သမီးလေးက သိပ်ကြိုက်တာ'

' မကြော်ပါနဲ့အမေရယ် ပင်ပန်းရတဲ့ထဲ ။ ခုကြော်ခုရတာမှမဟုတ်ပဲနဲ့ကို နေနေ နောက်ကြုံမှပို့ပေးလိုက်မယ်'

' မပန်းပါဘူးအေ ။ မနက်ဖြန် အဝေးပြေးကွင်းသွားရင်းနဲ့ဝင်ယူယုံပဲကို '

စကားကိုပင် သွားရင်းလာရင်းပြောသွားပြီး မီးဖိုခန်းသို့တက်ကြွစွာဝင်သွားသည့် အမေ့အား ကြည်နူးစွာလှမ်းကြည့်မိသည်။

' ဟာ မမ ရောက်နေတာ အတော်ပဲ '

ကြည်နူးမှုလေးပျောက်အောင်လုပ်နိုင်သည့် အသံပိုင်ရှင်တွေအား ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။

ထာဝရအတွက် ( She Season 2 )Where stories live. Discover now