Episode 12 ( unicode )

3.1K 278 11
                                    

ထာဝရအတွက်

အပိုင်း  ( ၁၂ )

' ဘယ်သွားမလို့လဲ မိုးချုပ်နေပြီ'

'မိုးချုပ်နေရုံမကလို့ ဘာဖြစ်ဖြစ်။ အိမ်ပြန်မလို့ '

အခန်းဝ၌ချိတ်ထားသည့် အိတ်ကိုဆွဲဖြုတ်တော့ ဖြူက အိတ်ကိုလှမ်းဆွဲသည်။

' မိုးချုပ်နေပြီ မရဲ့။ လာပါ မရယ် ခုချိန်ကြီး ပြန်ရင် အန်တီတို့တစ်မျိုးထင်ကုန်လိမ့်မယ်'

' တစ်မျိုးမကလို့ အမျိုးတစ်ရာထင်လည်း သောက်ဂရုမစိုက်ဘူး။ ခုမင်းလက်ကိုလွှတ် '

ဖြူ မလွှတ်ပဲ အိတ်ကိုပ်ို၍တင်းတင်းဆွ​ဲထားလိုက်မိသည်။

'အေး မလွှတ်နဲ့ အဲ့အိတ်လည်းမယူတော့ဘူး'

မဘက်က ဆွဲထားသည့်လက်ကိုလွှတ်လိုက်တော့ ဖြူနောက်သို့အားဖြင့် လန်သွားသည်။မရဲ့ ဒေါသကိုသိနေ၍  ဖြူ လိုက်မတားရဲ။ တားလျှင် ခုထပ်ဆိုးတာတွေဖြစ်လာတော့မည်။ ထို့ကြောင့် မ အပေါ်မကျေနပ်သည့် စိတ်နှင့်ဒေါသတွေအား အခန်းထဲရှိသက်မဲ့ပစ္စည်းများပေါ်သို့သာပုံချပစ်လိုက်တော့၏။

...........

' အမေ ။ အမေ...။ ဒေါ်လေး....'

ဘုရားကန်တော့ပြီး၍ အိပ်ယာထဲဝင်မည်အလုပ် အိမ်ရှေ့က အသံကြောင့် ခေါင်းပြန်ထောင်ကာ နားစိုက်လိုက်သည်။

'သောကိပလုတ်တုတ်။ ဟဲ့ အဲ့တာ အပျိုကြီးအသံမှလား'

ဘေးမှာ အိပ်နေသည့် ညီမကိုလှမ်းနှိုးလိုက်သည်။

' ဘာဖြစ်လာတာလဲမသိဘူး။မမ နေနေ ညီမလေးသွားဖွင့်ပေးလိုက်မယ်'

အိပ်ယာကကျုံးရုန်းထပြီး အောက်ထပ်သို့ဆင်းခဲ့ရသည်။

'အမေတို့ကလည်း အသံလေးဘာလေးနားစွင့်မဘူး အမေတို့လုပ်ပုံနဲ့ သူခိုးကပ်ရင်မလွယ်ဘူး '

' အချိန်မတော်ကြီး  တော်က ဘာဖြစ်လာတာလဲ ဖြူကရော ဘယ်မှာလဲ'

'မေးမနေနဲ့ ။ သမီးဒီမှာ နေမလို့ လောလောဆယ် ပိုက်ဆံခဏပေးဦး ရှေ့မှာ တက္ကစီသမားကိုစောင့်ခိုင်းထားလို့'

ထာဝရအတွက် ( She Season 2 )Where stories live. Discover now