Episode 8 ( Unicode )

2.7K 271 1
                                    

ထာဝရအတွက်
She ( Season 2 )
အပိုင်း ( ၈ )

'မ အိမ်လိုက်မယ်မှလား'

'မလိုက်တော့ဘူး ဟိုတယ်ပဲပြန်ပို့ပေးခဲ့။ '

'အင်းပါ။ မနက်ဖြန်ရော ဘယ်ချိန်အလုပ်ပြီးမှာလဲ  ဖြူက တစ်နေကုန်အားတယ် မ အလုပ်ပြီးရင်လာခေါ်မယ်လေ '

' ပြီးတဲ့အချိန်ဖုန်းဆက်လိုက်မယ်။ ဆိုဒ်ကမသွားရတော့ဘူးလား'

' နေ့ခင်းလောက် ခဏဝင်စစ်ပေးရုံပါပဲ။ မကို အိမ်လိုက်ခဲ့စေချင်တာ'

'လိုက်လို့မဖြစ်ဘူးလေ သဲရဲ့။ အစကတည်းက ကိုယ့်အစိီစဥ်နဲ့ကိုယ်နေမယ်ဆို တစ်မျိုးပေါ့ အခုက ဧည့်သည်တွေနဲ့ ပြီးတော့ ဟိုတယ်အခန်းလည်းယူပြီးပြီ ညဘက်ကြီးထွက်သွားပြီး ပြန်မလာရင် တစ်မျိုးထင်ကုန်မမယ်။ စာဖတ်စရာတွေလည်းရှိသေးတယ်'

'ဒါဆိုလည်း မနက်ဖြန်အလုပ်ပြီးရင် လာခေါ်မယ်လေနော်'

'အိုကေ '

မကို ဟိုတယ်ရှေ့ထိပြန်လိုက်ပို့ပေးပြီးနောက် အိမ်ရောက်ရောက်ချင်းပင် အဝတ်စားပဲမလည်းနိုင်ပဲ အိပ်ပျော်သွားတော့သည်။

ခေါင်းအုံးဘေးမှ တစ်ချိန်လုံးမြည်နေသည့်ဖုန်းသံကြောင့် မျက်လုံးမဖွင့်နိုင်သေးပဲ ဖုန်းကိုင်လိုက်ရသည်။

'ဟယ်လို '

' ဆရာမလေး  ရေကန်က ရေတွေဆိမ့်ထွက်နေတယ်။ အခုလာကြည့်ပေးလို့ရမလား '

' ဘယ်ရေကန်လဲ ။ ရေဆိမ့်ရင် ဘေးမှာပေါက်နေလားစစ်ကြည့်လေ '

' ဘာအရာမှမတွေ့ဘူးဗျာ့ '

ကိုယ်ပေါ်မှ ဆောင်ကိုဖယ်လိုက်ပြီး အိပ်ယာပေါ်မှဆင်းလိုက်သည်။ ဆိုဒ်အတွက်အကြမ်းသုံးနေသည့်ရေကန်က သစ်သားကိုခွေကာ မိုးကာပတ်ထားသည့်ကန်ဖြစ်၍ ပေါက်စရာမကြောင်းမရှိ။ ဘယ်ကန်ပေါက်ရတာလဲ ။

' ဘယ်ကန်ကိုရေသွားထည့်တာလဲ'

' နောက်ဖေးက အုတ်ကန်'

ငါ***။ ဖြူ စိတ်ထဲမှကျိတ်ကာ ဆဲလိုက်မိသည်။ စောစောစီးစီးဆဲမိပြန်ပြီ။ အလုပ်ဝင်မှ ကျွမ်းကျွမ်းကျင်ကျင်တတ်လာသည်က ဆဲတတ်သည့်အကျင့်ပင်။ အစောပိုင်းတွင် ဖြူက သာသာယာယာပြောတော့ labourတွေက ထင်ရာလုပ်ကြ၏။ ဖြူ မနိုင်၍ မြင့်မိုရ်ဦးက်ို အကူညီတောင်းတော့ တစ်ရက် ဆိုဒ်ကိုလာ အသားကုန်ပတ်ဆဲ၍ ပွဲကြမ်းပေးသွားခဲ့သည်။ ငါတို့အလုပ်တွဲလုပ်နေရတဲ့သူတွေက ပိုက်ဆံနဲ့ကိုင်ရင်ကိုင် မကိုင်ရင် နည်းနည်းတော့ ကြမ်းပေးရတယ်ဟု ပြောသွားသေး၏။ ထိုကတည်းက တစ်ခုခုဆို အော်ဖို့ ငေါက်ဖို့ ဝန်မလေးတော့။

ထာဝရအတွက် ( She Season 2 )Where stories live. Discover now