Episode 5 ( Unicode )

3.7K 321 47
                                    

ထာဝရအတွက်
အပိုင်း ( ၅ )
She (Season 2)

မလာတာကြာပြီနော် ပြည့်။ အလုပ်တွေရှုပ်နေတာထင်တယ်'

' ဟုတ်တယ် ယမုံ။ အခုတောင် တွေ့ချင်လွန်းလို့ ဧည့်သည်ရှိတောင် တစ်ခြားသူနဲ့လွှဲထားခဲ့တာ ။ တစ်ခေါက်စာဝင်ငွေတောင်လျော့သွားပြီ'

ခုံပုတစ်လုံးကိုဆွဲယူကာ ပြည့်ဘေးနား၌ဝင်ထိုင်လိုက်သည်။ ဖြူက စျေးဝယ်ရှုပ်နေ၍ သူတို့အား ကျောပေးကာ စျေးဝယ်နှင့်စကားပြောနေသည်။

' ဖြူ့ထဲကပြန်တောင်းလိုက် ။ ပြည့် အားရင်ဖြူ့စီကို မကြာမကြာလာပါလား'

' ဘာလို့လဲ'

' သြော်..ဖြူ့ကိုပြစ်မထားနဲ့လို့ပြောတာပါ။ တရားဝင်လက်ထပ်လို့ရရင်လည်းကောင်းသားနော် '

ပြည့်ဖတ်နေသည့် စာအုပ်ကိုချကာ ယမုံလှိုင့်က်ို ကြည့်လိုက်မိသည်။ သူ့စကားကလည်း ထူးဆန်းလိုက်တာ။

' လက်ထပ်တယ်ဆိုတာ နာမည်ခံသပ်သပ်ပါ ယမုံရယ်။  ပြည့်တို့အခြေအနေကို ဖွင့်မပြောရုံသာရှိမယ် အားလုံးသိနေတာပဲ '

' သိပေမယ့် စည်းတားထားရမယ်လေ ဒါမှ မပြင်ပယောဂတွေမဝင်မှာ ။ လက်ထပ်တယ်ဆိုတာ  လူနှစ်ယောက်က အရာရာမှာ ထပ်တူညီတယ် တစ်ယောက်ကတစ်ယောက်ကို ပိုင်ဆိုင်ပါတယ်လို့ ကြေငြာလိုက်တာပဲ  ။ ကိုယ်အနေနဲ့ ဒီလိုစကားမျိုးပြောရတာ လိပ်ပြာမသန့်ဘူး  ကိုယ်လည်းမှားခဲ့ဖူးလို့လေ'

'လူတိုင်းမှားတတ်တာပါပဲ ။ ယမုံပြောနေတာတွေ ပြည့် သိပ်နားမလည်ဘူးဖြစ်နေတယ် ဖြူ ဘာတွေလုပ်ထားလို့လဲ'

' ဖြူ့ကို ပြည့်ကပိုသိပါတယ်။  ပြည့်ရော ဖြူ ဘာတွေလုပ်နေမယ်ထင်လဲ ။ အချိန်ကြာလာတဲ့ Relationshipတစ်ခုမှာ အချစ်အပြင်နောက်ထပ်ချည်စရာကြိုးလိုတယ် ပြည့်ရဲ့'

ယမုံလှိုင်ပြောတာ မှန်သည်။ နောက်ထပ်ချည်စရာကြိုး  ။ လပ်ထပ်တယ်ဆိုတာ တို့တွေအတွက်မဖြစ်နိုင်ဘူးလေဖြူ။ ဒါဆို မင်းကိုဘာနဲ့ချည်ရမှာလဲ။

' မ နေ့လည်စာစားတော့မလား'

စျေးဝယ်ရှင်းသွားပြီဖြစ်၍ သူတို့နားသို့ ဖြူရောက်လာသည်။

ထာဝရအတွက် ( She Season 2 )Where stories live. Discover now