Episode 11 ( unicode )

3K 251 5
                                    

ထာဝရအတွက်
အပိုင်း  ( ၁၁ )

' laboursတွေအဆင်ပြေရဲ့လား '

' ​သူ့အရပ်နဲ့သူဇာတ်တော့အဆငိပြေအောင် လုပ်နေရတုန်းပါပဲ'

' နောက်ဆိုဒ်တွေလိုလည်း သူတို့ပဲခေါ်သုံးလို့ရတယ်။ သြော် ဒါနဲ့ ဒီညနေဖြူအာလား'

' ဘာမှတော့လုပ်စရာမရှိဘူး။ မပြည့်ပြန်မလာခင်တော့အိမ်ရောက်အောင်ပြန်ရမယ်'

တစ်ဝီဝီလည်ရင်း အသံဆုံမြည်နေသညိ့ AG ကားကြီးကို လက်ဖက်ရည်ဆိုင်ဘက်မှလှမ်းကြည့်ရင်း စကားပြောနေမိကြသည်။

' ဖြူ ခဏစောင့်မလား ကျွန်တော် ဒါလေးလောင်းပြီးရင် ညစာလိုက်ကျွေးချင်လို့ ပြည့်ကိုရော ဖုန်းဆက်ထားလိုက်'

' ဆက်ကြည့်လိုက်မယ်။ မ မအားရင်တော့ ဖြူလည်းမလိုက်တော့ဘူးနော်'

'အင်းပါ ဆက်ထားလိုက်နော်'


​ဆိုဒ်ပေါ်အပြေးအလွှားပြန်တက်သွားသည့် ကိုဇော်မင်းနိုင်အားလှမ်းကြည့်ပြီးနောက် မ အလုပ်ပြန်တာစောလျှင် ကိုဇော်မင်းနိုင်နှင့် ညစာအပြင်မှာစားရန်အကြောင်းကြားစာပို့ထားလိုက်သည်။ငါးမိနစ်ခန့်နေတော့ ပြန်စာရောက်လာသည်။

' မ နောက်ကျမှာမလို့  ဖြူ တစ်ယောက်ထဲလိုက်သွားလို့ဖြစ်တယ်မှလား'

' မ မလိုက်ဘူးဆို နောက်တစ်ခေါက်မှသွားတာပေါ့'

'သွားလိုက်ပါ ဖြူလည်း အဖော်ရတယ် သိပ်တော့မိုးမချုပ်နဲ့။ ဒါဘဲနော် မ  ဧည့်သည်တွေနဲ့မလို့'

လက်ဖက်ရည်နောက်တစ်ခွက်ထိုင်သောက်ကာ စောင့်နေရင်း ညနေ၆နာရီခွဲ၌ ဆိုဒ်တစ်ခုလုံးတစ်ဖြေးဖြေးတိတ်ဆိတ်သွားသည်။ ကိုဇော်မင်းမှာ ထုံးတွေ ဘီလပ်မြေတွေပေနေသည့်ဖိနပ်ကိုရေပြောင်အောင်ဆေးပြီး ဖြူ့အား သွားရအောင်လှမ်းခေါ်၏။

' ပြည့်က ဘာတဲ့လဲ'

'နောက်ကျမှာမလို့ မလိုက်တော့ဘူးတဲ့'

'​သူပါရင်ပိုပျော်ရမှာကို။ ကဲ lady first ဆိုတော့ ဖြူ ဘယ်ဆိုင်သွားချင်လဲ'

' ဖြူက ဧည့်သည်လေ အကိုကြိုက်တဲ့ဆိုင်ရွေးပါ'

'ဒါဆို  လမ်းလည်းလျောက်ရင်း စကားလည်းပြောရင်း အဝိုင်းဘက်သွားရအောင်။ ဖြူက ဆိုဒ်ထဲဆင်းတာသိပ်မကြာသေးတော့ ဒိီထုံးစံကိုသိပါ့မလားမသိဘူး။ ဒိီနေ့လို ဆလပ်လောင်းပြီးတဲ့ နေ့မျိုး ဆိုဒ်အင်ဂျင်နီယာတွေလုပ်တတ်တဲ့အကျင့်ရှိတယ်'

ထာဝရအတွက် ( She Season 2 )Where stories live. Discover now