Episode 14 ( Zawgyi )

914 16 0
                                    

ထာဝရအတွက်
အပိုင်း ( ၁၄ )

'
ညနက်လေလေ  ပို၍ပူအိုက်လေလေဖြစ်လာ၏။ အိပ်ခါနီးရေချိုးလိုက်သော်လည်း ပန်ကာလေမှာ တစ်ခန်းလုံးပြည့်အောင် လေမပေးနိုင်တော့ ချွေးတြွေပန်ကာ ဖြူတစ်ယောက် အိပ်မပျော်။ အိပ်ယာမှာ လှုပ်လိုက်တိုင်း တကျွိကျွိမြည်နေသည်ဖြစ်ရာ မ နိုးသွားမှာဆိုး၍ ငြိမ်ငြိမ်လေးသာလှဲနေရ၏။ မ ကတော့ ဘယ်လောက်ပူပူ အိပ်တတ်သူမဟုတ်ပါလား။ အင်္ကျီတစ်ထည်လုံးချွေးတွေနစ်လာတော့ မနေနိုင်သည့်အဆုံး အိပ်ယာမှထကာ အင်္ကျီလည်းလိုက်ရသည်။ မကတော့  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လျက်။ အိပ်ပျော်နေသည့် မရဲ့ ပါးပြင်အား ခပ်ဖွဖွနမ်းလိုက်ပြီး အိပ်ယာစီသို့ ခြေကိုဖော့ကာလျောက်ခဲ့ရသည်။ ဒီတိုင်းဆို ငုတ်တုတ်ထိုင်၍ မိုးလင်းရတော့မည်။

အိပ်ယာပေါ်တွင်ခင်းထားသည့် အခင်းအား  ပန်ကာလေရသည့်  မရဲ့ ကူတင်အောက်တွင် ခင်းလိုက်ပြီး နေရာပြောင်းအိပ်လိုက်သည်။ သည်တော့မှသာ ဖြူတစ်ယောက် အိပ်ပျော်သွားတော့၏။

ပြည့် နိုးနိုးချင်း ဖြူ့ရဲ့အိပ်ယာကိုလှမ်းကြည့်လိုက်မိသည်။ ဖြူ မရှိတော့ဘူး  နိုးနေပြီထင်တယ်။  အိပ်ယာကိုသေချာခေါက်ကာသိမ်းလိုက်ပြီး ကုတင်ပေါ်ကဆင်းလိုက်၏။

'ဟော်တော့'

ပြည့် ခြေထောက်ချသည့်နား၌ ကွေးကွေးလေးအိပ်ပျော်နေသည့် ဖြူ။ တစ်ပင်တိုင်မင်းသမီးလေးမှာ ပြည့်ကြောင့် ဒီလိုဘဝတွင်နေရရုံမက ကြမ်းပေါ်မှာပါ ဆင်းအိပ်နေရရှာပြီ။ဖြူ့ရဲ့ အဖွားဖြစ်သူမြင်လျှင် ရွေ င်စို့ရဉီးမယ်။  ပြည့် အကြိမ်တစ်ရာမက မြတ်မြတ်နိုးနိုးနမ်းခဲ့သည့် နှဖူးလေးအား ခပ်ဖွဖွနမ်းပြီး ပန်ကာကို ခြေရင်းသို့​နေရာရွေ့ပေးလိုက်သည်။ လက်အရင်ဆေးကာ ထမင်းအိုးတည်ထားပြီးနောက် ရေချိုးလိုက်သည်။  ပြည့် ရေချိုးအဝတ်စားလည်းပြီးတော့ ဖြူ နိုးလာသည်။ ပြည့် မမြင်ချင်ယောင်ဆောင်၍  မနက်စာအတွက် ​ခေါက်ဆွဲပြုတ်နေလိုက်သည်။

ပြည့်တို့ အတူနေလာခဲ့တာ ခြောက်လထဲရောက်နေပေမယ့် အိမ်မှာချက်စားသည့်ရက်က ခပ်ရှားရှား။ အမေ့အိမ်က ချက်ပေးသည့်ဟင်းတြွေဖင့်သာစားသည်။ တစ်ခါတစ်လေ အပြင်ထွက်စားဖြစ်ကြသည်။ မနက်စာလည်း ထိုအတိုင်းသာ။

ထာဝရအတှကျ ( She Season 2 )Where stories live. Discover now