Episode 2 (Unicode)

3.3K 308 10
                                    

ထာဝရအတွက်
(She season 2)
အပိုင်း ( ၂ )

ထမင်းချိုင့်ကိုကိုင်လျှက် ပြန်ထွက်မည့် ကောင်မလေးကလည်း ဖြူ့ကိုမြင်တော့ မျက်လုံးလေးအဝိုင်းသားနှင့်။ ထိုကောင်မလေးက နှခမ်းလေးများကွေးရုံပြုံးပြပြီး သူတို့ထိုင်နေရာထမင်းဝိုင်းသို့ လျောက်လာ၏။

' ဖြူ ။ ပန်းအိဖြူမှလား '

ပြည့်ကိုင်ထားသည့် ဖြူ့လက်ဖျားလေးများက အေးစက်နေ၏။ ပြည့် ရင်ထဲ၌တင်းကျပ်လာပေမယ့် အပြုံးပျက်၍မဖြစ်ပါ။ ဖြူပြောဖူးသည့် စကားကိုချက်ချင်းသတိရမိသွားသည်။

' မြန်မာမိန်းကလေးတစ်ယောက်ဘယ်လိုလှလဲလို့မေးရင် ကျွန်တော်သူ့ကိုပဲ ပြမ်ိမယ်ထင်တယ်'

ဖြူ့ စကားမှန်ပါသည်။ သက် ဆိုသည့်မိန်းကလေးမှာ ညို၍ဝင်းအိနေသည့်အသားအရည်၊ နက်မှောင်ပျော့ဆင်းနေသည့်ဆံပင်တို့က ကျောထက်တွင်ဝဲကျနေ၏။ ဖြူ့ ဆံနွယ်တွေက ပိုလှပါသည်။ မျက်ခုံးကခပ်ပါးပါး၊ နှာတံသိပ်မပေါ်ပေမယ့် ပြားပြားကပ်ကပ်ကြီးလည်းဖြစ်မနေပါ။ ပြည့်နှင့်အရိပ်မတန်းမရိမ်းပင်ဖြစ်သော်လည်း သက်ဆိုသည့် မိန်းကလေးက ကိုယ်လုံးပိုလှသည်ဟုဆိုရမည်။ အဝတ်အစားမှာ အနည်းငယ်နွမ်းနေပေမယ့် မိန်းကလေး၏အလှပျက်အောင်ထိတော့မဟုတ်။  နှုတ်ခမ်းတစ်ဆုံ၌ အပေါ်နှခမ်းသည် အနည်းငယ်ပို၍ပါးလျှနေသည်။ မှန်၏ ထိုအလှသည် ပြည့်ရဲ့အနောက်တိုင်းဧည့်သည်တွေ သဘောကျတတ်သော ရြွေမန်မာမလေးတစ်ဉီးပင်။

' အလည်လာတာလား။ အ်ိမ်လာလည်ဉီးလေ။ ဖြူ့က်ို သတိရနေတာ'

' အစ်မတို့က မနက်ဖြန်ပြန်တော့မှာ ညီမလေးရဲ့။ င်္ညမလေးက သက်ထားဆွေထင်တယ်'

ဖြူ့လက်တွေအေးစက်နေကာ အရုပ်တစ်ရုပ်လိုရပ်နေ၍ ပြည့်ကကိုယ်စားဝင်ပြောလိုက်သည်။

' ဟုတ်ပါတယ်  ဖြူနဲ့ရင်းနှီးရင် သက်ကို သိမှာပါ။ ဖြူ ဆ်ိုင်လာခဲ့နော် မျှော်နေမယ် ပြီးတော့ ဖြူ့ရဲ့တူလေးက်ိုလည်း လာချီလှည့်'

ထိုမိန်းကလေးမှာ ပြန်ခါနီး၌ ပြည့်အား ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်၍ သူ့လမ်းသူဆက်လျှောက်သွားတော့သည်။ထိုအဖြစ်အပျက်အတွက် ဖြူ့အတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ စိတ်လည်းမတိုမိ၊ ဒေါသလည်းမထွက်မ်ိပါ။ ထွက်လည်း မထွက်ရက်ပါဘူးလေ။

ထာဝရအတွက် ( She Season 2 )Where stories live. Discover now