Final Episode ( Unicode )

6.8K 427 17
                                    

ထာဝရအတွက်

ဇာတ်သိမ်းပိုင်း
************


' မလိုတော့ပါဘူး အန်ကယ် '

မိဘနှစ်ပါးလုံး သူတို့မိသားစုတွေအပေါ်၌ တာဝန်ကျေကြသူများဖြစ်ပါလျှက် ဖြူ မရခဲ့သည်မှာ သူ့ဘဝ၏ကံအကျိုးပေးဟုသာ မှတ်လိုက်ပါသည်။

..........

အလုပ်တွေများလွန်း၍ သုံးလေးကိုယ်ခွဲလို့ရလျှင် ခွဲထားလိုက်ချင်သည်။  အိမ်အသစ်အတွက် ပစ္စည်းများနေရာချတော့လည်း ပါရ၏။ အိမ်အဟောင်းကရွေ့ထားည့် တစ်နေရာစီဖြစ်နေသော ပစ္စည်းများကိုပြန်သယ်တော့လည်း ပါရပြန်သည်။  ကလေးတွေကြည့် စိတ်မချ၍ အကုန်လိုက်လုပ်ရင်း လူလည်းဖတ်ဖတ်မောနေရသည်။ လမ်းထဲက အိမ်တွေက သူတို့ပြန်ရောက်လာတော့ ကြည့်ကွက် ကြည့်ကွက်နှင့် စပ်စုကြသေး၏။ အတင်းရော အဖျင်းရော တစ်ယောက်တစ်မျိုးပြောကြသည့် စကားတွေ ပြည့်ပြန်ကြားရတော့ ဒေါသတွေပါထွက်ရသည်။

' ပြည့်အကြောင်းသိချင်ရင် ကိုယ်တိုင်လာမေးခိုင်းလိုက် သူတို​​့ပြောတာတွေ မပြည့်ဆုံသေးလို့ သေချာပြောပြမယ်'

'ထားလိုက်ပါ သမီးရယ်။ လူဆိုတာ ဆင်းရဲတာသာ သနားပါတယ်ဆိုပြီး ကြည့်ချင်တာ ကိုယ့်ထပ်သာသွားရင်တော့ မုဒိတာမပွားနိုင်ကြဘူး'

' ​သူတို့မုဒိတာပွားတာလည်း မလိုချင်ပါဘူး။ ကိုယ်ဘယ်လောက်ပင်ပန်းလဲ ကိုယ်ပဲသိတယ်။ ဒီအိမ်လေးတစ်လုံးပြီးဖို့  ရန်ကုန်တစ်မြို့လုံး ပြည့်ပြည့် ခြေရာတွေကြည့်ပဲ။ ပါးစပ်ဆိုတာလည်း အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်း မစေ့ရဘူး။ အားနေရင် သူများသောက်တင်းတုတ်နေမယ့်အစား ကိုယ့်အိမ်ကိုယ် သန့်ရှင်းရေးလုပ်နေတာမှ ပြောင်ပြောင်ယောင်ယောင်ရှိဦးမယ် '

လမ်းထဲ၌ အိမ်ဆောက်သည့်ငွေတွေအား ပြည့်က မကောင်းတာလုပ်၍ ရလာသည်ဟု သွားပုတ်လေလွင့်ပြောနေကြခြင်းပင်။ အမေကတော့ အနေအေးသူမလို့ သူ့အကုသိုလ်နှင့်သွားလိမ့်မည်ဟူသော စိတ်ထားနိုင်ပေမယ့် ပြည့်မှာ အရင်ကတည်းက စပ်စပ်ထိမခံတတ်သောကြောင့်  သောင်းကြမ်းနေလေတော့သည်။

ထာဝရအတွက် ( She Season 2 )Where stories live. Discover now