Episode 10 ( Unicode )

2.9K 260 0
                                    


ထာဝရအတွက်
Episode 10

မနက်၆နာရီတွင် အိပ်ယာထပြီး ကိုယ်စီအလုပ်သွားရန်ပြင်ကြရသည်။  မနက်စာအတွက် မက တစ်ခုခုစီစဥ်ထားတတ်ပေမယ့် နေ့လည်စာတော့ ဖြစ်သလိုသာစားဖြစ်ကြ၏။ မ သာရှိမနေဘူးဆိုလျှင် မန္တ​လေးကိုပြန်မိမှာ သေချာပါသည်။ ညနေခင်း ဆိုဒ်သိမ်းချိန်တိုင်း မန္တလေး၏ညနေခင်းလေနွေးနွေးကို သတိရမိသည်။ အလုပ်ဆင်းချိန် ကျပ်ညပ်လွန်းလှသည့် လိုင်းကားကို မစီးပဲ တက္ကစီငှား၍ အိမ်ပြန်မိလျှင် မက ပိုက်ဆံကုန်သည်ဟုဆိုကာ မပြီးနိုင်မစီးနိုင်မြည်တွန်တောက်တီးတတ်၏။ ထိုအချိန်တွေတိုင်း ဆိုင်ကယ်တစ်စီးဖြင့်စိတ်သွားတိုင်ကိုယ်ပါသည့် မန္တလေးကိုလွမ်းလာပြန်သည်။ မ သာ မန္တလေးလိုက်နေနိုင်လျှင် ဘယ်လောက်ကောင်းမလဲ။

ရေဝတ်မြေကြီးအား ​ကျောက်ကြီးချကာ မြေဖို့ရန်အတွက် တစ်ရက်အချိန်ပေးလိုက်ရသည်။ လိုင်းကျင်းတူး၍ သံပန်းချသည့်အခါ အလုပ်သမားရှာမရပဲရှိနေ၏။ ဖြူ့ရဲ့ labours တွေက မန္တလေးမှာသာ ရှိသည်မဟုတ်လား။ ဖြူ တစ်ယောက် labours အတွက်ခေါင်းစားရလေပြီ။ မတို့ အိမ်ဆောက်ပေးနေသည့် ကန်ထရိုက်ကို သတိရသွား၍ မကို မေးကြည့်မှ ဆိုဒ်အင်ဂျင်နီယာနှင့်ဆက်သွယ်ပေးမည်ဆို၍ အလုံးကြီးကျသွားရ၏။

မနက်စာစားပြီးပြီးချင်း  လမ်းလည်းလျောက်ချင်နေ၍ ဖြူတို့အိမ်ကနေ မဥက္ကလာထိလမ်းလျှောက်လာခဲ့လိုက်သည်။ မက မြို့ထဲသို့ သုဓ္ဓမာထိပ်ကနေပဲ ကားစီးတော့မည်ဟုဆိုတာ သူ့အားအဖော်လုပ်၍ လမ်းလိုက်လျှောက်ပေးရှာသည်။ သုန္နန္ဒာ ၁၃လမ်းထိပ်ထိရောက်ရန် နာရီဝက်ခန့်လမ်းလျောက်ခဲ့ရ၏။ မတို့၏ ဆောက်လက်စအိမ်ရှေ့ကိုရောက်တော ဆယ်နာရီထိုးရန် ၁၀မိနစ်သာလိုတော့သည်။

' အလုပ်ကိစ္စပြီးရင် အမေတို့အိမ်ကစောင့်နော် ။ ဧည့်သည်ကြိုပြီး ဟိုတယ်ပို့ပေးခဲ့ရုံတင်ပဲ ပြီးတော့ လစာလေးလည်းထုတ်ခဲ့လိုက်ဦးမယ် သဲလေး ညနေ ဘာစားမလဲ'

' ဝယ်နေရင်ကြာမှာဆိုးလို့ မြန်မြန်သာပြန်ခဲ့ပါ။ ပြီးမှ တစ်ခုခုစားကြမယ်လေ'

'အိုကေ အိုကေ'

ခေါက်ထီးလေးကို ခပ်ငိုက်ငိုက်ဆောင်းကာ မတစ်ယောက် မှတ်တိုင်ရှိရာသို့ သုတ်ခြေတင်းလျောက်ရရှာတော့သည်။ ကားတော့ မကျပ်လောက်တော့ပါဘူး။
အုတ်စီနေပြီဖြစ်သည့် ​အိမ်နားသို့လျောက်သွားပြီး မဆလာဖျော်နေသည့် ပရံလေးအား

ထာဝရအတွက် ( She Season 2 )Where stories live. Discover now