Episode 15 ( Zawgyi )

1.1K 34 1
                                    

ထာဝရအတွက်

အပိုင်း ( ၁၅ )
********

' အမေ့မိသားစုကို သံယောဇဉ်မပြတ်ရင် အမေပြန်လို့ရတယ်နော်။ ဖြူ့ကို ငဲ့နေစရာမလိုဘူး အမေအတွက် ရသင့်တယ်ထင်တာ အဖွားထဲကနေ တောင်းပေးမယ်'

ဖြူ့လိုက်မောင်းကို ဆုပ်ကိုင်လိုက်သည့် အမေ့လက်တွေကို အသာယာတွန်းဖယ်လိုက်သည်။ အမေ့ မျက်လုံးတွေကို မကြည့်ချင်ပါ။ အရင်ကတည်းက မရခဲ့သည့် မေတ္တာတွေ ခုချိန်ကျမှလည်း ဖြူ မလိုချင်တော့။

' မပြန်ပါဘူး '

' ဒါတော့ အမေ့သဘောပါ။ နောက်တစ်ခါ ဖြူ့ရှေ့မှာတော့ အမေ့မိသားစုကို ဂရုစိုက်ကြောင်းမ​ပြမိအောင်နေပေးပါ  ဖြူ အမေ့ကို မမုန်းချင်ဘူး။ ခုတော့ နားတော့မယ် အမေနဲ့နောက်ထပ်ပြောစရာတွေကျန်သေးတယ် '

အမေတစ်ယောက်၏ ပင်ကိုအသိစိတ်ဖြင့် ရန်ကုန်၌ ဖြူ့ အဖေနှင့်တွေ့ခဲ့ကြောင်း သိလိုက်ပါသည်။ သူ့အား ကျောခိုင်းထွက်သွားသည့် သမီးဖြစ်သူကိုကျောပြင်ကိုငေးရင်းသာ ကျန်ရစ်ခဲ့တော့သည်။

................

ညနေခင်း၌ ကလေးများအား မြို့တစ်ပတ်လိုက်ပို့ရန် ခြံထဲဆင်းခဲ့လိုက်သည်။ ခြံရှေ့က ကားဟွန်းသံ​ကြားတော့ မောင်ဇော်က တံခါးပြေးဖွင့်၏။ ယမုံလှိုင်၏ ကားဖြစ်ပြီး ဖြူပြန်ရောက်နေတာသိသွားပုံရ၏။

' ဧည့်သည်တွေပါလာတယ်ဆိုလို့ '

ယမုံက ကားပေါ်မှဆင်းလိုက်လာပြီး ယုယတို့အားနှုတ်ဆက်၏။

' ပြည့်ရဲ့ ညီမလေးတွေလား '

'ဟုတ်တယ် ။ မနက်ကတောင် ဖြူ ဈေးထဲဝင်ခဲ့သေးတယ်'

' မေမေကြီးပြောတယ်။ဖြူတို့က  ခုက ဘယ်သွားမလို့လဲ'

' ကလေးတွေက ခုမှမန္တလေးရောက်ဖူးတာ ဟိုဟိုသည်သည်လိုက်ပို့ပေးမလားလို့ '

'  ကိုယ့်ကားနဲ့သွားမယ်လေ။ ညနေစာ ကိုယ်လိုက်ကျွေးမယ်'

' ကောင်းသားပဲ ဖြူလည်း ကားမောင်းရမှာပျင်းနေတာ'

ဖြူတို့သုံးယောက်လုံး ယမုံလှိုင်၏ ကားဖြင့်လိုက်ခဲ့ကြသည်။  ယမုံလှိုင်မှာ အရင်ကအတိုင်း တစ်စက်လေးမှမလျော့အောင်လှနေဆဲပင်ဖြစ်၏။

ထာဝရအတှကျ ( She Season 2 )Where stories live. Discover now