Episode 7 ( Unicode )

3.1K 314 10
                                    

ထာဝရအတွက်
She ( season 2 )
အပိုင်း ( ၇ )

အလုပ်တစ်ခုရဖို့ကထင်သလောက်မလွယ်ကူခဲ့။ သင်ထားသည့်ပညာက အလုပ်မရှားပေမယ့် ဖြူ့လိုမိန်းကလေးအတွက်တော့ အလုပ်ရှားနေသည်။ CV formဖြည့်ကာ ဆိုဒ်အင်ဂျင်နီယာခေါ်သည့် company တိုင်းသို့ form တင်သည်။ တစ်ချို့က အင်တာဗျူးလာရန်ဖုန်းဆက်ကာ သွားဖြေတော့မှ အဆင်မပြေဖြစ်ရ၏။ ကုမ္ပဏီဘက်ကသဘောမကျ၍ မဟုတ်ပဲ ဖြူကသာသဘောမကျ၍ ပြန်ခဲ့ရသည်သာများသည်။ ကျောင်းပြီးတာကြာပြီး လုပ်ငန်းအတွေ့အကြုံမရှိ၍ အထင်သေးသည့်အကြည့်ဖြင့်ကြည့်သော HR ကိုဒေါသထွက်သည်။ သူ့ဆိုင်မှအရောင်းဝန်ထမ်းကောင်မလေးတွေရသည့် လစာလောက်ပင်ပေးသည့်အတွက်လည်း ဒေါသဖြစ်ရပြန်၏။ ငွေလို၍အလုပ်လာလျောက်သည်ဟုထင်ရအောင်လည်း ဖြူ့ရုပ်ရည်မှာ အင်္ကျီအစုတ်ဝတ်ထားလျှင်ပင် သန့်ပြန့်နေသည်မဟုတ်ပါလား။ ထိုအဆင်မပြေမှုတွေကို တစ်လလောက်ရင်ဆိုင်းရင်း နောက်ဆုံး၌ သူငယ်ချင်းတစ်ယောက်နှင့်ဆက်သွယ်မိသွားသည်။ ဖြူနှင့်ကျောင်းတူတူတက်ကာ တစ်နှစ်တည်းပြီးခဲ့သည့် မြင့်မိုရ်ဦး။ ဝန်ထမ်းမဟုတ်ပဲ  အပြင်၌သာဆောက်လုပ်ရေးတွေလုပ်ပေးနေသူ။  projectကြီးကြီးမားမားတွေမလုပ်ရသော်လည်း သူ့နေရာနှင့်သူနာမည်ရနေသူဖြစ်သည်။ တစ်ရက်တွင်တော့ မြင့်မိုရ်ဦးနှင့်ဆက်သွယ်ကာ သူရှိမည့်နေရာသို့လိုက်သွားလိုက်သည်။ ပေ၂၀ပေ၄၀ အကြမ်းထည်ပြီး၍ အချောကိုင်နေသည့် နှစ်ထပ်တိုက်လေးရှေ့က ကျောက်ပုံပေါ်တွင်ပင် မတ်တပ်ရပ်ရင်း

' နင်တစ်သက်လုံး  ဒီအလုပ်မလုပ်တော့ဘူးထင်နေတာ '

'အခုလုပ်ဖို့လိုလာပြီလေ'

'ဘာလို့လဲ နင့်အဖွားကသူဠေးပဲ ပြီးတော့ နင်ကလည်း တစ်ဦးတည်းသော မြေးပဲဟာ '

' ငါအလုပ်ဝင်တာ တစ်ခြားအကြောင်းပြချက်ကြောင့်ပါ ၊ ကုမ္ပဏီတွေလျောက်ကြည့်သေးတယ် အဆင်မပြေပါဘူးဟာ လခကဘယ်လောက်မှမရဘူး'

' အေး ပြီးရင်လုပ်ရတဲ့အလုပ်ကလည်း နှစ်ဆယိ့လေးနာရီပဲ၊ ငါလည်းအဲ့တာကြောင့် အပြင်မှာပဲလုပ်တော့တာ ဒါမယ့်  နင်ကကျောင်းပြီးကတည်းကပျောက်သွားတာဆိုတော့ ဘာလက်မှတ်မှမလုပ်ရသေးဘူးမှလား'

ထာဝရအတွက် ( She Season 2 )Where stories live. Discover now