ကောင်လေး၏ ပါးပြင်အိအိလေးကို ဖိအုပ်ကိုင်ရင်း နှုတ်ခမ်းဖူးဖူးအား ထိတွေ့ခွင့်ရခြင်းဟာ လောကကြီးကို ပိုင်ဆိုင်ခွင့်ရလိုက်သည်ထက် ပိုသေးသည် ။
ကိုယ်က မင်းလေးကို သိပ်မြတ်နိုးတာကောင်လေးရဲ့ ။
နက်ရှိုင်းစွာ နမ်းရှိုက်ရန်ပြင်လေတော့ လက်မောင်းကြွက်သား
တွေကို လက်ချောင်းသေးသေးလေးတွေနဲ့ ဆုပ်ကိုင်လာလေရဲ့ ။ကိုယ်ဟာ မင်းစိတ်နဲ့ အရူးရင့်ပေါင်း များခဲ့ပါပြီ ခလေးရယ် ။
တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းနှစ်လွှာအား သူ့ လျှာနွေးနွေးနှင့် ထိုးခွင်းကြည့်သည့်အခါ.......
" တော်တော့ "
လွတ်ထွက်သွားသည့် နှုတ်ခမ်းလေးနဲ့အတူ အဖြူရောင်လူသား
လေးဟာ သူ့ရင်ကို တွန်းဖယ်ရင်း တစ်ဖက်ကို ကျောခိုင်းသွားသည် ။အရှက်ပိုနေသည့် ကောင်ငယ်လေးဟာ ငုံထွေးထားချင်စရာ အတိ ။
" ကိုယ်........ချစ်တယ်......ကောင်လေးရယ် "
ဝန်ခံခြင်းကို ထပ်မံပြုသည့်အခါ ကောင်လေးက ခေါင်းလေး အသာငုံ့လို့ မသိကျိုးကျွန်ပြုနေလေရဲ့ ။
" ကိုယ့်ကို တစ်ခုခု ပြန်ပြောပါဦးလား "
ငုံ့လျှိုးထားသည့် ခေါင်းလုံးလုံးလေးအနား တိုးလို့ နားရွက် ဖွေးနုနုလေးကို ထိလုထိခင်ထိ ကပ်ကာ ဆိုတော့ အလန့်တကြား ရှောင်ဖယ်သွားပြန်သည့် အချစ်ကလေး ။
" စောစောကပြောတော့ ချမ်းနေလို့ဆို အဝတ်တွေ ဝတ်တော့လေ ပြီးရင် ပြန်တော့ "
စူပုတ်ပုတ် မျက်နှာထားလေးနဲ့ ပြောနေသူလေးဟာ ကျနော် သိပ်မြတ်နိုးရတဲ့ ကလေးဆိုးလေး ပါလေ ။
" ကိုယ့်ကို စိတ်မဆိုးတော့ဘူးမလား ဟင် "
" မသိဘူးဗျာ.....အဝတ်တွေ ဝတ်တော့လို့
ပြောစရာရှိရင်လည်း ပြီးမှ ဆက်ပြော "
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...