တစ်ဖွဲ့ချင်းစီ၏ သီချင်းတွေကို အကောင်းဆုံးချပြပြီးသည့်နောက်
ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် အဖွဲ့ဝင်အချင်းချင်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ Kyungsoo တို့ အဖွဲ့က နံပါတ် ၃ ရခဲ့သည် ။ဘုရားသခင်ပေးတဲ့ ကောင်းချီးလို့ပဲ ဆိုရမည် ။
Kyungsoo အတွက် winner ကိုလည်း မမျှော်မှန်းထားသလို အခုလောက်ထိ ရမယ်လို့လည်း မမျှော်လင့်ရဲခဲ့.....သူတို့ အဖွဲ့က ဘယ်လောက်တောင် ဗရုတ်သုက္ခနိုင်ခဲ့လဲ ဆိုတာ တစ်ဖွဲ့လုံး အသိဆုံး.......
နှစ်ရက်ဆက်တိုက် ပြိုင်ပွဲဝင်ပြီးသည့်နောက် သူ့အိမ်မက်တွေ အဆုံးသတ်ပြီလို့ တွေးခဲ့ပေမယ့် ထိပ်တန်း ၁၀ ဖွဲ့ထဲမှာ ပါဝင်ခွင့်ရခဲ့လို့ အဖွဲ့သားတွေကို စိတ်ရင်းနဲ့ ကျေးဇူးတင်မိသည် ။
" ကောင်လေး......."
" ဗျာ....."
" အရမ်းပျော်နေတာလား...."
" ပျော်တာပေါ့......အခုလို အကောင်းဆုံး လုပ်နိုင်ခဲ့တာ
Kaishi ရဲ့ အတွေ့အကြုံနဲ့ စိတ်ကူးတွေကြောင့်ပါ
ကျေးဇူးအများကြီးတင်ပါတယ် "ဟုတ်တယ်.........သီချင်း လုပ်ခဲ့တဲ့ တစ်လျှောက်လုံး Kai အိမ်မှာကြည့်ပဲ တစ်ဖွဲ့လုံးကို မငြီးမငြူ လိုလေသေးမရှိ ကူညီပေးခဲ့တာ ။
အထူးသဖြင့် Kyungsoo ကိုပေါ့......အကြိုအပို့ ၊ ညစာ ၊
နားမလည်တဲ့ သီချင်း note တွေ က စလို့ နောက်ထပ် အသေးအမွှားလေးတွေအထိ အစစအရာရာ လိုအပ်တာမရှိရလေအောင် ကူညီပေးခဲ့တာလေ ။
သူ တကယ်ကို ကျေးဇူးတင်ပါတယ် ။" ကျေးဇူးတင်တယ်ဆို.....ည ထိ မစောင့်တော့ပဲ အခု အဖြေပေးလိုက်ပါတော့လား..."
တွေ့တဲ့နေရာမှာ တွေ့သလို အဖြေတောင်းတတ်သည့် ထိုလူသားလေးဟာ တစ်ခါတစ်ရံ လိုချင်တာကို မရမက ပူဆာနေသည့် ကလေးငယ်လေးပမာ......
Kyungsoo က သဘောတကျ ရယ်တော့
" ကိုယ့်ကို ညှင်းဆဲရတာ သိပ်ပျော်တယ် ဟုတ်လား...?"
ESTÁS LEYENDO
Rhymeless Melody
Fanfic(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...