2nd formula 📃
ကျနော့ရဲ့ ဒုတိယ နိယာမလေးက
'Giving the presents ပါ'
ပန်းကြိုက်မယ်ထင်တဲ့ သူလေးတွေဆို ပန်းစည်းလေးပေး ကော်ဖီသောက်ဖို့ဖိတ်
စာဂျပိုးလေးတွေဆို ရှားပါးစာအုပ်လေးတွေပေး
အအေးဆိုင်ထိုင်ဖို့ဖိတ်......စသဖြင့်ပေါ့။အခု ဒီဂြိုလ်သားလေးကတော့ ခန့်မှန်းလို့မရ။
ဂျစ်တစ်တစ်ပေတေတေနဲ့ ဘယ်လိုဟာလေးမှန်းကို မသိ။
' Park Chanyeol ..... ငါ့ကို တော်တော်ဒုက္ခပေး
ကြည့်နေ ငါနိုင်လို့ကတော့လား 'ကြံရာမရသည့်အဆုံး coffee ဗူးလေးဝယ်ကာ
AC ဘက်ထွက်လာခဲ့သည်။ဘယ်သူမဆို အစားတစ်လိုင်းဖြစ်ဖို့က ပိုများတယ်
မဟုတ်လား...?ဒါ အနီးစပ်ဆုံး ဖြစ်နိုင်ပါတယ်ပေါ့။
* တွေ့ပါပီ နန်းတွင်းအရှုပ်တော်ပုံ *
ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်ငန်းစရမယ်လေ
ဒီအရှုပ်ထုပ်နဲ့မှ သိက္ခာတော့အကျမခံနိုင်။" Yarr....ဒီမှာ..."
အမယ် လှည့်ကြည့်လာပုံကိုက တည်တည်ငြိမ်ငြိမ်
အိနြေ္ဒရှင်ကြီးပေါ့။မည်သူမှ မတွန်းလှန်နိုင်သည့်
ကျနော့ရဲ့ ညာနှုတ်ခမ်းတွန့်ရုံ အပြုံးနှင့်
ခပ်စူးစူးအကြည့်တို့ဖြင့် တိုက်စစ်ဆင်လိုက်ကာ'ကို့ ကိုသိတယ်မလား...?
မင်းကိုလဲ ကို သိပြီးပြီ ခင်လို့ရတယ်မလား'ဖော်ဖော်ရွေရွေပဲ စတင်လိုက်သည်။
ပုံမှန်ထက်ပို ချည်းကပ်ရခက်မည့် ပုံစံမျိုးမို့။'ကျတော် ခင်များကိုမသိပါဘူး
သိရအောင် ခင်များနဲ့ ကျတော်က ခုမှတွေ့ဖူးတာမဟုတ်ဘူးလား'ဘယ်လို ဘယ်လို ဒီသတ္တဝါလေးက ကျုပ်ကြီးကို မသိဘူးတဲ့လား...?
ဒီလောက် တိုင်းသိပြည်သိ
Kim Kai ကိုလေ။
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...