အပိုင်း (၄)
Kyungsoo စာကြည့်တိုက်မှာ
သူ ဒီနေ့ အပြီးရှာရမယ့် note တွေကို
အသည်းအသန်ရှာဖွေနေသည်။မျက်ဝန်းအိမ်ပေါ်မှ ထူထည်းလှစွာသော
မျက်မှန်ကို ညာလက်သွယ်သွယ်တို့ဖြင့်
ဆွဲယူကာ ဖတ်လက်စ စာအုပ်ပေါ်အသာချပြီး
နှာရိုးကို လက်ညှိုး နဲ့ လက်မ ကိုသုံးကာ
လေး ၊ ငါးကြိမ်လောက် ဖိနှိပ်လိုက်သည်။လေးလံနေသည့် လည်ဂုတ်ကို ခပ်ဆက်ဆက်
နှစ်ချက်လောက် စောင်းချိုးလိုက်ရင်း
မျက်ဝန်းတွေကို မှေးမှိတ်ထားလိုက်သည်။" အား....ယား..."
တစ်ခဏလေးအတွင်းမှာပဲ ပြန်ဖွင့်လိုက်တဲ့
သူ့ မျက်စံနက်နက်တွေထဲက ထို ပုံရိပ်ဟာ
တကယ်ကို အထိတ်တလန့် ဖြစ်စေတာထက်
ပိုနေသေးသည်။စက္ကန့် ပိုင်းအတွင်း သူ့ရှေ့က မျက်နှာချင်းဆိုင်ခုံမှာ
ရောက်ချလာသည့် ထို မျက်နှာချောချောနဲ့ လူဟာ
သူ့ကို အခန့်ညားဆုံး ပြုံးပြနေလေရဲ့။ဒီလူဟာ ဘုရားရဲ့ ဖန်ဆင်းမှုကြောင့်
ဒီလောက်ထိ ပြည့်စုံနေတာလား...?နေဦး
အခု သူတွေးရမှာ အဲ့ဒါမှ မဟုတ်တာပဲ။ထိုလူသားရဲ့ ခပ်ပြုံးပြုံးမျက်နှာက
ပုံမှန်မဟုတ်တာကို Kyungsoo ရိပ်မိနေသလိုပဲ။သူ ထိုနေရာက ထသွားဖို့ ဖတ်လက်စ စာအုပ်တွေကို
ခပ်မြန်မြန်လေး ကောက်သိမ်းလိုက်တော့
ဆုပ်ကိုင်ခြင်းခံလိုက်ရသည့် သူ့ရဲ့ ညာဘက် လက်ကောက်ဝတ်ပေါ်က အကြောစိမ်းစိမ်းတွေ ထိုးထောင်နေသည့် လက်ခုံတစ်ခုနားမလည်မှုများစွာနဲ့ ထိုလူချောကို မျက်မှန်မပါသည့်
မျက်ဝန်းညိုညိုတွေနဲ့ သူ အလန့်တကြား ကြည့်မိသည်။" w....wae....? "
Kyungsoo စိတ် ညစ်ညူးစွာ
အသံရှည်ဆွဲရင်း မေးလိုက်တော့" ဘယ်ကိုသွားမလို့လဲ
ကိုယ် မင်းကို လိုက်ရှာနေတာ
ဒီ တစ်မနက်လုံး ပဲဆိုတာကော သိရဲ့လား "
DU LIEST GERADE
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...