ထမင်းလက်ဆုံစားပြီးသည့်နောက် အငယ်ကောင်လေးကိုပါ
ခေါ်ပြီး Kai အိမ်သို့ ဦးတည်လိုက်သည်။အတူစားခွင့်ပေးသည့်ထမင်းတစ်နှပ်အတွက်ကျေးဇူးပါကောင်လေး ။
အဲ့ဒီလို လက်ဆုံမစားဖြစ်သည့်ထမင်းဝိုင်းပေါင်းများစွာက သူ့နေ့ရက်တိုင်းလိုလိုကို ကြိုဆိုနေကြစမြဲလေ ။ကားပေါ်က ဆင်းဆင်းချင်း ခြံထဲ၌ စကားပြောနေပုံပေါ်သည့်Minseok နဲ့ Chen ကိုတွေ့ရတာကြောင့်Kai ပြုံးမိသည်။
ဒီနှစ်ယောက်တော့ အတော်ခရီးရောက်နေပြီထင်ပါ့ ။" Kai....... ကြာလိုက်တာ
Yeolတောင်ရောက်နေတယ်"အနားရောက်လာသည့်Minseok ၏ စကားကြောင့်Kai မျက်ခုံးတွေ တွန့်ချိုးသွားသည်။
" သူက ဘာလာလုပ်တာလဲ
သီချင်းက မပြီးရတဲ့အထဲ "" ရား.....ရား.....Kim Kai.....အ့တာ....အ့တာက "
Kai စကားကို အကြောင်းမပြန်နိုင်ပဲ အလန့်တကြား ထအော်သည့်Minseokကြောင့်ကားပေါ်မှဆင်းလာသည့်Baekလေးက မျက်လုံးလေး ကလည်ကလည်နှင့်။
" ဘာဖြစ်တာလဲ.....ကလေး လန့်သွားမယ်လေ "
Kai က ခပ်တင်းတင်း ပိတ်ဟောက်လိုက်သည်။
ဟုတ်တယ်သေပြီးသားလူတစ်ယောက်ကိုတွေ့သလိုပဲ ။
အဲ့ဒီ ဖြူချောချောကောင်လေးကိုတွေ့တာ အ့လောက်လန့်ဖို့ လိုလို့လား...?
မတော်မျက်နှာကြောတင်းတဲ့ သူ့ အကို ကို လန့်ရင်ရုပ်တိရှိသေး ။" က...ကလေး....ဘယ်က ကလေးလဲ "
"ရော်......Kim Minseok ရယ်
ဘယ်လိုတောင်ဖြစ်နေရတာလဲ
ဧည့်သည်ကို အားနားစရာတွေ ဖြစ်နေပြီ.....
စိတ်ထဲမထားနဲ့နော်ဒီ အကိုက အ့လိုပဲ
ငယ်ငယ်က သူငယ်နာဆေးတွေတအားသောက်ပြီး အခုထိ သူငယ်နာမစင်သေးလို့ နားလည်ပေးလိုက်နော်.....
လာ......အထဲ သွားစို့ "Kai က D.O. တို့ ညီကို နှစ်ယောက်လုံးကို လက်ဆွဲကာ
အိမ်ထဲသို့ ဧည့်ဝတ်ကျေသည်ထက်ပိုကာခေါ်လာခဲ့သည်။
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...