" ဟေ့လူ.....ခင်များ.....
ကားထဲကပဲစောင့် "အိမ်ရှေ့ ကားထိုးရပ်သည်နှင့် ကားပေါ်ကဆင်းဖို့ပြင်နေသည့်
ထိုလူကို သူ မြန်မြန် တားလိုက်ရသည် ။" ဟမ်..... အကြာကြီးဖြစ်မှာကို ကားထဲကစောင့်ရမယ်
အ့လို အကြာကြီးစောင့်တာ ကိုယ့် စတိုင်မဟုတ်ဘူး "ပြောပုံကိုက သူကကော စောင့်နေတဲ့လူကြီးနဲ့ အလုပ်လုပ်ရတာ အဆင်ပြေနေလို့လား...?
တကယ်ပါပဲ ။
လိုက်မပို့နဲ့ဆိုတော့လည်း အတင်းလိုက်လာပြီးတော့....." ဘယ်သူက လိုက်လာခိုင်းလို့လဲ
ခင်များပါသာ လိုက်လာတာလေ "စိတ်ကုန်သည့်လေသံနှင့် ပြောကာ ကားပေါ်က ဆင်းလိုက်တော့
" ဟုတ်တယ်လေ......အ့တာကြောင့်မို့လို့
ကိုယ့်ကို အိမ်ထဲတော့ ခေါ်သင့်တယ်လေ
လူမှုရေးမကောင်းဘူးဆိုပေမယ့်လည်း အတိုင်းအတာတော့
ရှိသင့်တယ်မလား "ပြောပြောဆိုဆို ထိုလူကလည်း ဆင်းလိုက်လာသည် ။
" ဟေ့လူ.....အောက်မှာပဲစောင့်လို့ "
သူ့ကိုတောင် ကျော်လို့ လှေကားထစ်တွေကို ရှေ့က ဦးဆောင်ပြီး တက်နေပြန်သည့် လူကို သူနောက်ကနေ ခပ်အုပ်အုပ်အော်လိုက်သည် ။
ဟိုလူက ပြန်တောင် လှည့်ကြည့်မလာ ။
ကြာကြာစောင့်တာ သူ့ စတိုင် ဟုတ် မဟုတ် မသိပေမယ့်
စိတ်ထဲရှိတဲ့အတိုင်း လုပ်တတ်တာကတော့ သူ့ စတိုင်ဖြစ်ပုံရသည် ။ဟူး.....Kim Kai ကတော့ လုပ်ချင်သလိုကို လုပ်နေတော့တာပါပဲ ။
တားမရမှာ ရာနှုန်းပြည့်သေချာနေတာမို့ ဒီတိုင်းသာ လွှတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည် ။
Kyungsoo တို့ ညီအစ်ကို နှစ်ယောက်နေသည် ဆိုသော ထိုအမိုးထပ်က အိမ်ခန်းလေးကို Kai မကြာခဏ အဝေးကနေ လှမ်းကြည့်ဖူးသည် ။
ခပ်နွမ်းနွမ်းနှင့် ကျဉ်းမြောင်းမယ့်ပုံပေါ်ပေမယ့် အခု အိမ်ထဲထိရောက်တဲ့အခါ သူ့ အိပ်ခန်းထဲက ရေချိုးခန်းလောက်တောင် မကျယ်တာကြောင့် စိတ်ထဲ ညှိုးနွမ်းသွားမိသည် ။
ESTÁS LEYENDO
Rhymeless Melody
Fanfic(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...