ပြိုင်ကားလေးနှင့် အလုပ်သွားရသည့် ခံစားချက်က နည်းနည်းတော့ ပျော်ဖို့ကောင်းသည် ။
အထူးသဖြင့် မောင်းသူ နေရာက အဲ့ဒီ ခပ်ချောချောလူ ဖြစ်နေတာက ပိုလို့တောင် ပျော်စရာကောင်းသေးသည် ။" ကိုယ် အထဲထိ ပွေ့ချီပြီး ပို့ပေးရမှာလား "
အက်ရှရှ အသံအေးအေးလေးက Kyungsoo နားရွက်လေးနားထိ တိုးကပ်လာသည့် နှုတ်ခမ်းထူထူလေးမှ ထွက်ပေါ်လာသည် ။
" ဘာ....ကို....? "
" ဆိုင်ရောက်နေပြီလေ.....ကောင်လေး
ကိုယ် လာ ပွေ့ရမှာလား "" အာ.....ဟုတ်သားပဲ sor...sorry "
အတွေးတွေ လွန်နေတာနဲ့ပဲ ဆိုင်ရောက်တာတောင် သတိမပြုမိလိုက် ။
ရီဝေဝေ အကြည့်တွေနဲ့ ထိုလူက တကယ်ပဲ လာပွေ့တော့မည့် ပုံမို့ Kyungsoo ကားပေါ်က ခပ်သွက်သွက်လေးဆင်းပြီး" လိုက်ပို့ပေးတာ.....ကျေးဇူးပဲ "
သူ ဆိုသည်မှာလည်း ထိုလူနဲ့မှ ဘယ်လိုတွေတောင်
ညုတုတု ဖြစ်နေမှန်းမသိ ။
လုပ်ယူစရာမလိုပဲ Kai အနားရောက်ရင်ကို အလိုလို အားကိုးချင်သလိုလို ချွဲချင်သလိုလို ဖြစ်ဖြစ်လာသည့် စိတ်ကို မနည်း လိုက်ဖမ်းနေရသည် ။" ဖြေးဖြေး သွားဦး.....ကိုယ် ညကျရင် ဖုန်းဆက်လို့ ရလား "
တားဆီးသင့်သည် ။
ရှေ့ဆက်မတိုးသင့်ဘူး ။
အခုလို သာယာနေမိခြင်းက သူ့ နှလုံးသားကို သူ နစ်သထက်နစ်အောင် နှစ်နေခြင်းဖြစ်ကြောင်း သိပေမယ့်လည်း" အင်း.....အရမ်း နောက်မကျရင် ရတယ်.....သွားပြီ "
မျက်နှာဟာ ဖရိုဖရဲများ ဖြစ်သွားလေမလား...?
အား....Do Kyungsoo အသိတရား ရစမ်းပါ ။
သူက မင်းကို တကယ်ချစ်မှာ မဟုတ်ဘူးဆိုတာ မသိလို့လား....?
သိလျှက်နဲ့ ကို မရုန်းနိုင် မကန်နိုင်နဲ့ အသည်းကွဲတယ်ဆိုတာကို မြည်းစမ်းကြည့်ချင်နေတာလား.....?* ဟူး......*
ကိုယ့်ခေါင်းကို ခပ်ပြင်းပြင်းလေး ထုပြီး အသိစိတ်ဝင်အောင် ဆုံးမရင်း ဆိုင်ထဲသို့ အလျှင်အမြန်ပဲ ပြေးဝင်လိုက်သည် ။
DU LIEST GERADE
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...