Kyungsoo အိမ်ပြန်ရောက်တော့
ရေတောင် မချိုးနိုင်သေးပဲ
ဟိုလူပေးလိုက်တဲ့ album လေးကို
ထိုးကြည့်လိုက်သည်။အပါးပါး.....အဲ့လောက်တောင် ချောအောင်
သူ့ အမေက ဘာများစားမွေးခဲ့တာပါလိမ့် ။သီချင်းက ဆွေးဆွေးမြေ့မြေ့ လေးတွေများသည်။
Mv ထဲမှာ သရုပ်ဆောင်တော့ camera ကို
စူးစိုက်ကြည့်နေတဲ့ သူ့ အကြည့်တွေက ရူးလောက်သည်။တလှပ်လှပ် ခုန်နေသည့် ရင်ဘတ်က
အချစ်ကြောင့်လား...?ဘယ်လိုများ အဲ့ဒီလို လူကိုမှ right person အဖြစ်
သူ့ နှလုံးသား က ရွေးချယ်လိုက်တာတော့ မဟုတ်ဘူးမလား..?တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ သူ့နှုတ်ခမ်းထူထူက
Kyungsoo ရဲ့ ကမ္ဘာကြီးကို ရပ်တန့်သွားစေသလို ။" မဟုတ်သေးဘူး
Do Kyungsoo....အာရုံစိုက်စမ်း "လူတစ်ယောက်ရဲ့ လွှမ်းမိုးခြင်းကို ခံစားမိတာ
ပထမဆုံး အကြိမ်ရယ်ပါ ။ဒါပေမယ့် သူ့ကိုယ်သူ သတိထားဖို့လိုတာတော့ သူ သိသည်။
ထိုလူသားဟာ သူ့ဆီကို ချဉ်းကပ်နေတာ အကြောင်းမဲ့တော့
လုံးဝမဖြစ်နိုင် ။သီချင်းလေးတွေ နားထောင်ပြီးတော့
သူ့ စိတ်အခြေအနေက စိုးရိမ်ရေမှတ်ထက်ကို
ကျော်လွန်သွားလေရော ။အချစ်သီချင်းလေးတွေကလည်း သူ့ကို ဝန်ခံနေသလိုလို
အလွမ်းသီချင်းတွေကလည်း သူ့ကို ရည်ညွှန်းနေသလိုလိုတစ်ယောက်တည်း ရူးနှမ်းစွာ ပြုံးနေမိတော့
" hyung.... ဘာလို့ ကြောက်စရာကောင်းတဲ့
ပုံစံတွေ လုပ်ပြနေတာလဲ "ကျောင်းမှာ သန့်ရှင်းရေးတာဝန်ကျပုံ ရသည့် ညီက
အိမ်ပြန်နောက်ကျနေသည်။
အိမ်ထဲကို ဝင်ဝင်ချင်း သူ့ကိုမြင်တော့ အလန့်တကြား
ရေရွတ်လေရဲ့ ။" အမ်...ဟမ်....ငါ..ငါ ဘာလုပ်လို့လဲ "
" hyung..ရယ်နေတာလေ"
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...