သူ့ကို လှောင်စရာသတ္တဝါလို့ သတ်မှတ်ထား
သည့်အထဲမှာ
ဘုရားသခင်ပါ ပါပုံရသည်။အခုလည်း သူ့ကို လှလှပပ ကြီးကို ကျီစယ်လိုက်ပြန်သည့်
အရှင့်ကို Kyungsoo မကျေမနပ်ဖြစ်နေမိတာအမှန်။ဘယ့်နဲ့...... ဒီလောက် လူပေါင်းများစွာရှိတဲ့ထဲကမှ
အဲ့ဒီ devil smile နဲ့ လူကိုမှ ရွေးပေးတာက
ဘုရားသခင်လား....ကျောင်းသားရေးရာက ကောင်လေးချောချောလေးတွေဆို မောင်လေး..မောင်လေးနဲ့ စကားချိုသလောက်
ကောင်မလေးတွေဆို ဘယ်လောက်လှပနေပါစေ အော်ငေါက်နေတတ်တဲ့ ငှက်ပျောတုံးကြင်ဖော် အဘွားကြီးတွေလား သူ မဝေခွဲနိုင်။ဘာပဲဖြစ်ဖြစ် တော်တော် လေးစိတ်ပျက်မိသည်။
တော်သေးသည်က သူတို့ အတန်းထဲက member ထဲ
မှာ သူနဲ့အတူ Jongdae ပါနေသေးသည်။Jongdae နေရာမှာလည်း အတန်းထဲက တခြားတစ်ယောက်နဲ့
အဲ့ဒီ ခပ်ချောချော လူနဲ့သာဆိုရင် သူ ဘာမှဆက်လုပ်နိုင်မည်မဟုတ်တော့။အခုတော့ Jongdae ကိုပဲ အားကိုးပြီး သူ အကောင်းဆုံး ကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။
ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့ ။
အဲ့ဒီလူ ဆိုးဆိုးဝါးဝါး မနှောင့်ယှက် ဖို့ကိုပဲ
သူ ဝတ်ပြုတိုင်းတောင်းတဲ့ဆုတွေထဲ ထပ်တိုးဆုအဖြစ်
ဘုရားသခင်ကို အပူတိုက်ရတော့မည်။" D.O. ya....မင်း သိပြီးပြီလား "
ပထမအချိန် အတန်းမမီတဲ့ Kim Jongdae က ပြာပြာသလဲဖြင့် အတန်းထဲမရောက်ခင် အပေါက်ဝကတည်းကနေ လှမ်းအော်နေလေရဲ့ ။
All King နဲ့ အတူကျလို့ သူလည်း shock ရလာသည်ထင်ပါ့။
Kyungsoo ကတော့ စိတ်ပျက်နေသည့် မျက်ဝန်းတွေနဲ့
ခပ်ထူထူမျက်မှန်အောက်ကနေ တစ်ချက်ပင့်ကြည့်ပြီး
ရေးလက်စ သီချင်းကိုသာ အဆုံးသတ်လိုက်သည်။" ဆိုတော့.....ပုံစံက သိပြီးပြီဆိုတဲ့ သဘောပေါ့ "
" အွန်း...."
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...