အတန်းထဲ ရောက်တာ အမြဲနောက်ကျတတ်သည့်
Kai က ဒီနေ့မှ ထူးထူးဆန်းဆန်း စောနေသည်။ပထမ အချိန်စဖို့ (၁၅) မိနစ်လောက်လိုသေးတာမို့
နေရာ အသီးသီးမှာ မှောက်အိပ်နေသူက အိပ်
စကားများနေသူကများ နှင့်သာ။အခန်းထဲ ဝင်ပြီးပြီးချင်း ရှာမိသူများက
မနက်စာ မစားရသေးဟုဆိုကာ ပေါက်စီတွေထည့်လာပြီး
ထုတ်စားနေသည့် Min SeokLevel တစ်ခုတည်းကို လ ချီနေပြီဖြစ်သော်ငြား
မနိုင်သေးသဖြင့် ဖုန်းထဲသို့ ခေါင်းဝင်တော့မတတ်
အသည်းအသန် Game စော့နေသည့် Chanyeol နှင့်ပြတင်းပေါက်မှန်မှ တဆင့်အပြင်သို့ ငေးကာ ဇင်ယော်တောင် မျက်ခုံးတွေကို တွန့်ချိုးထားလျှက်
ဘာတွေ အလိုမကျဖြစ်နေမှန်းမသိသည့် Sehun တို့ကိုသာ။"Yar...... သွားမယ်"
Kai က သူငယ်ချင်းတို့နား ရောက်သည်နှင့် ငွေမင်ရောင်ဆံနွယ်တို့ကို ပင့်တင်ရင်း အသံပေးသည်။
"ဘယ်လဲ"
Chanyeol က ဖုန်းဆီမှ အကြည့်မခွာသေးပဲ မေးသည်။
" AC ဘက်လေ...
No. (1) စမယ်"ထိုအခါမှ....
"O....K"
Kai နဲ့ Chanyeol ၏ ကစားပွဲလေးကို
အလွန်စိတ်ဝင်စားနေကြသည်မို့
တစ်ဖွဲ့လုံးက တက်တက်ကြွကြွ.....KAI ရဲ့ (1st formula) က
မျက်ဝန်းစူးစူးတို့ဖြင့် ဖမ်းစားခြင်းသာ။
ရီဝေသောသူ့အကြည့်တို့က ဣထိယသာမက ပုရိသတို့
အသည်းနှလုံးကိုပါ ပြာဖုံးစေနိုင်လောက်သည်။ယခုလဲ......
Kyungsoo အတန်းရှေ့ ခုံတန်းလေးတွင်ထိုင်ကာ ပြတင်းပေါက်မှတဆင့် Kyungsoo ကို စ၍ ခြွေနေလေသည်။
ပေါ်လွင်လွန်းလှသည့် သူ့ကို အတန်းထဲမှ
မိန်းကလေးများက ချက်ချင်းဆိုသလိုသတိထားမိပြီး....
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...