အရိုင်းဆန်သော သူ့အနမ်းတွေကြားမှ လွတ်မြောက်ခွင့်ရသည့်နောက် ကြားရသည့် ထိုစကားက ကျောချမ်းချင်စရာ
ဘာတဲ့...?
ချစ်တာ မို့လို့ တဲ့လား ။
ဟာသတွေ လာလုပ်နေတယ် ကျနော့လိုလူကို အခုလို
ဘုရင့်သားတစ်ပါးလို ခမ်းနားစွာ လူဖြစ်ခွင့်ရနေတဲ့ သူက ချစ်တယ်တဲ့လား...?ဒါသက်သက် ကျနော့ကို စော်ကားလိုက်တာပဲ ။
တောင်းဆိုခြင်းတောင် မရှိပဲ သိမ်းပိုက်သွားတဲ့ ကျနော့ နှုတ်ခမ်းကိုကော....?
ကျနော်က ဆင်းရဲတာမို့လို့ အထင်သေးတာမျိုးလား...?
သူက ပြီးပြည့်စုံတာမို့လို့ လုပ်ချင်သလိုလုပ်လို့ရတယ်လို့ ပိုင်သေတွက်လိုက်တာမျိုးလား...?" စိတ်မဆိုးဘူးမှတ်လား ကောင်လေး...? "
မေးပုံက ကြည့်ပါဦး ။
ကျနော်က သူဘာလုပ်လုပ် စိတ်ဆိုးမယ့်ပုံမရှိဘူးလို့ သူ တွေးထားတာလား..?
အ့တာကြောင့်လည်း အခုလို အလွယ်လေး ကျူးကျော်ခဲ့တာလား...?
ကျနော်ကကော ဘာလို့ အငိုက်မိပြီး သာယာခဲ့မိတာလဲ...?" ဟက် "
ကျနော် စိတ်ပျက်စွာ ခြောက်ကပ်ကပ်ရယ်မိသည် ။
စိတ်ပျက်ခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ ထို ပုဂ္ဂိုလ်ကိုလား...?
ကျနော့ကိုယ်ကျနော်လား မသည်းကွဲတော့ ။" ဘာလို့ အ့လိုကြီး ကြည့်နေတာလဲကွာ
ကိုယ့်အချစ်ကို လက်ခံမယ်မှတ်လား..?"" ခင်များက ဘာလဲ...?"
ကျနော့မေးဖျားကို ထပ်မံ တို့ထိလာသော သူ့လက်ကို ခပ်ဆက်ဆက် ပုတ်ချရင်း မေးမိသည် ။
သူက ကြောင်အစွာပဲ ရပ်နေဆဲ ။
" ဟမ်...? ......
ကျနော်က သိပ်လွယ်နေလား... ခင်များအတွက် "ရှက်စိတ်ကြောင့် ပြောမိပြောရာ အော်ဟစ်ပြောဆိုနေမိသည် ။
" ရှူး.... တခြားသူတွေ နိုးသွားရင် မကောင်းဘူးလေ ကောင်လေးရယ်...စိတ်မဆိုး..."
ŞİMDİ OKUDUĞUN
Rhymeless Melody
Hayran Kurgu(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...