ချစ်ခြင်းတရားက လူကို ဘယ်လောက်ထိ ရူးသွပ်စေနိုင်တာလဲ.......?ဥပမာ........
သူ့ ပုံရိပ်လေးနဲ့တင် ကိုယ့်အပြုံးတွေ လှပသွားတာမျိုး
သူ့ ခေါ်သံလေးနဲ့တင် ကိုယ့်ရင်ခုန်နှုန်းတွေ ဆောင့်တက်လာတာမျိုး
သူ့ဖြစ်တည်မှုလေးနဲ့တင် ကိုယ့်ရဲ့ လူဖြစ်ခွင့်ဟာ ထိုက်တန်နေတယ်ဆိုတဲ့ ခံစားချက်မျိုး
ဒါတွေအားလုံးကို Kai လက်ခံပြီးသွားသည့် အပြင်
အချစ်ရဲ့ နောက်ကွယ်မှာတိတ်တိတ်လေး ကပ်ပါလာတဲ့ အလွမ်း ကိုလည်း သူ ထိတွေ့ခွင့်ရခဲ့ပြီ ။လွမ်းတယ် ကောင်လေး.......
အခု သူတို့ သင်တန်းကြီး ပြီးဆုံးဖို့ ၂ ပတ်ပဲ လိုတော့သည် ။
ကောင်လေး နဲ့ သူ့ အခြေအနေကလည်း ထင်ထားတာထက်ပိုလို့ ရင်းနှီိးသည့် အခြေအနေ ရောက်နေသော်လည်း
သူ ဘဝင်မကျလှ ။ကောင်လေးက သူ့ကို ခင်မင်မှုထက် တကယ်ပဲ မပိုနိုင်တာလား...?
သူ့မှာသာ ထို ကလေးနဲ့ နီးစပ်ဖို့ကြိုးစားရင်း နေမြင့်လေ အရူးရင့်လေ ဘဝကို ရောက်မှန်းမသိရောက်နေပြီ ။
" Kai.....ဘာဖြစ်နေပြန်တာလဲ "
Sehun က သူတို့ အဖွဲ့အတွက် သီချင်းလုပ်ဖို့ Kai ၏ studio ကို လာသုံးနေခြင်း ။
" ဟမ် "
အသိစိတ်တွေအားလုံးက ကောင်လေး လို့ သူ အမြတ်တနိုးခေါ်တတ်သည့် ကလေးငယ်ထံရောက်နေတာမို့ ရုတ်တရက် မေးသော Sehun အမေးကို သူ မဖြေလိုက်နိုင် ။
" ကြောင်တောင်တောင်လုပ်မနေနဲ့.......သင်တန်းက ပြီးတော့မှာ "
" အင်း.....အ့တာ ဘာလို့လဲ......မင်းက ဆက်တက်ချင်သေးလို့လား....?"
ရူးနှမ်းစွာ ထွက်ပေါ်လာပြန်သည့် မေးခွန်းကြောင့် Sehun ရဲ့ မျက်ခုံးလှလှတွေ တွန့်ချိုးသွားကာ.....
ŞİMDİ OKUDUĞUN
Rhymeless Melody
Hayran Kurgu(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...