ချစ်ခြင်းတရား ကို ကိုယ်စားပြု၍
မင်းမို့လို့ လုပ်ရက်တယ် Kai ရာ......
ငါ စောင့်ခဲ့တဲ့ နှစ် ၊ လ ၊ ရက်တွေ အတွက်
မင်း ငါ့ကို နည်းနည်းလေးတောင် မငဲ့ညှာဘူးမလား....?အေး.....ငါကလည်း မနိုင်ရင်တောင် အရှုံးတော့ ပေးမှာမဟုတ်ဘူး ။
Sehun ရဲ့ ကားနီနီလေးဟာ သူ စိတ်ကူးနဲ့တောင် မသွားခဲ့ဖူးသော ရပ်ကွက် ခပ်သေးသေးတစ်ခု၏ လမ်းကြားတွေကို စိတ်မရှည်စွာ ကွေ့ပတ်ဝင်နေသည် ။
သူငယ်ချင်း တွေရဲ့ ကစားပွဲကို စိတ်မပါတာကော
Kim Kai ဆိုသော လူသားရဲ့ နှလုံးသားဟာ
ကျောက်ဆောင် ကျောက်သား တို့နှင့် ထုဆစ်ထားသလို
မာကြောလွန်းတာရောကြောင့် သူ့ပြိုင်ဖက်လို့ ထင်မထားလောက်အောင် ခပ်တုံးတုံး ကောင်လေးအပေါ် သူ လုံးဝ စိတ်မဝင်စားခဲ့ ။ကစားပွဲရဲ့ ပထမဆုံးနေ့မှာ Chanyeol က Kai ကို
ပြိုင်ပွဲရဲ့ ပစ်မှတ် ဓားစာခံကောင်လေးကို ညွှန်ပြတော့ သူ တစ်ချက်မေ့ကြည့်ခဲ့ဖူးသည် ။ထို့နောက် ထိုကောင်လေးအကြောင်းကိုကော ကစားပွဲအကြောင်းကိုပါ သူ လျစ်လျူရှုထားခဲ့သည် ။
အခုတော့ အဲ့ဒီ ရှုပ်ယှက်ခတ်နေတဲ့ အပြင်အဆင်နဲ့ ကောင်လေးက နတ်ဘုရားတစ်ပါးလို ပြီးပြည့်စုံတဲ့ သူရဲ့ ပြိုင်ဖက်တဲ့လား......?
" ဟက်......."
သူ ခက်အက်အက် တစ်ချက်ရယ်မိသည် ။
" Kim Kai.......မင်းရဲ့ ဟာသတွေက ရယ်စရာမကောင်ဘူး "
အတွေးတွေဟာ စိတ်အစဉ်ကို လွှမ်းမိုးမှုအားကြီးလာသည့်နောက် လှပလွန်းသော နှုတ်ခမ်းပါးပါးမှ ခြောက်ကပ်ကပ် ရေရွတ်မိလောက်အောင် သူ Kai ကို စိတ်ပျက်မိသည် ။
ရှုပ်ထွေးနေသည့် သူ့ခေါင်းထဲက အတွေးတွေကို ခေတ္တခဏ ဘေးဖယ်လို့ ထိုအရှုပ်တော်ပုံလေးရဲ့ အိမ်လမ်းကို မနည်းတွေ့အောင်ရှာနေရသည် ။
YOU ARE READING
Rhymeless Melody
Fanfiction(Z+U) ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့် အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တို့ရဲ့ နေ့ရက်တွေကို ကျော်လွန်စေကြရအောင်လား ??? ဘဝတစ်လျှောက်လုံး ဂီတ ဟူသော အလွန်တရာနူးညံ့သည့်အရာတစ်ခုအား အတူတကွ ဖန်တီးရင်း ကျနော်တိ...