Part 26

1.2K 177 9
                                    


#unicode

"Lisa. ...."'

စံအိမ်ရှေ့တွင် Chaeyoung တစ်ယောက် Lisa ကို ဖက်ထားရာမှ မခွာသေးပေ

"ရော် ကလေးကျနေတာဘဲ Chaeလေးကတော့ ကိုယ် Mission ရှိလို့ သွားတာပါ တစ်ရက်ကျော်ဘဲ ကြာမှာ ပြီးရင် ချက်ချင်း ပြန်လာမှာပါ "

Chaeyoung ရဲ့ နဖူးလေးကို နမ်းပြီး Lisa ပြောလိုက်သည်

"ချက်ချင်း ပြန်လာနော် Chaeနဲ့ Chaeတို့ babyလေးက Lisaကို စောင့်နေမှာမို့ ဘာထိခိုက်ဒဏ်ရာမှ မရဘဲ ပြန်လာခဲ့ပါနော် "

"ကိုယ် ဘာထိခိုက်ဒဏ်ရာမှ မရစေရဘူးလို့ ကတိပေးပါတယ် "

Chaeyoung ရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး Lisa ကတိပေးလိုက်သည်

Chaeyoungမှာ ငိုချင်စိတ်ကို ထိန်းပြီး Lisaကို နမ်းလိုက်သည်

"ကိုယ် ဒီမှာ မရှိတဲ့အချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်နေနော် Chae ...တစ်ခုခုဖြစ်တဲ့အခါ Juliaကို ပြော ဒါမှမဟုတ် ကိုယ့်ဆီ ဖုန်းဆက်လိုက် ချက်ချင်း ပြေးလာခဲ့မယ် "

"အင်းပါ....Lisaလည်း ဂရုစိုက်နော် "

"ချစ်တယ် Chae. .."

Chaeyoung ရဲ့ လက်ကလေးကို နမ်းပြီး Lisa နှုတ်ဆက်ကာ သူမကို စောင့်နေတဲ့ Jisooတို့ ကားပေါ်ကို တက်လိုက်သည်

ကားပေါ်ကနေ Chaeyoung ကို လက်ပြနှုတ်ဆက်ရင်း Minoကတော့ Mr. Manobanရှိတဲ့ ရဲတိုက်ကို မောင်းသွားလေသည်

Juliaမှာ Chaeyoung ပခုံးလေးကို ကိုင်ပြီး Julia နှစ်သိမ့်လိုက်သည်

"အထဲဝင်ရအောင်နော် Chaeyoung အပြင်မှာအေးတယ် ဖျားလိမ့်မယ်.....Lisaတို့က mission ပြီးတာနဲ့ ချက်ချင်းပြန်လာမှာပါ Lisaက Vampireတွေထဲ အတော်ဆုံးဖြစ်သလို သူ့ဘေးမှာလည်း သူ့အကိုတွေအပြင် နယူးဇီလန်က Vampire Queenတွေလည်း ပါသွားတာဘဲ ဘာမှမထိခိုက်ဘဲ ပြန်လာမှာပါ....."

Chaeyoungလည်း ခေါင်းညိတ်ပြီး Juliaနဲ့အတူ စံအိမ်ထဲ ဝင်လိုက်လေသည်

Mr. Manobanရဲ့ ရဲတိုက်ရှေ့တွင် Lisaတို့ အဖွဲ့နဲ့ သူ့အဖေတို့ အဖွဲ့က Vampireတွေ တိုက်ခိုက်နေကြသည်

Jennieနဲ့ Jisooကတော့ ဘေးက ရပ်ကြည့်နေစဥ်
တစ်ဖက်က Vampire တွေမှာ Jensooတို့က ကြောက်လို့ထင်ပြီး အထင်မြင်သေးစွာ သွားချသောအခါ Jisooမှာ ဝှားသမ်းပြီး လက်တစ်ဖက်တည်းနဲ့ Vampire တွေကို ချလေသည်

Vampire's Mate RosieTahanan ng mga kuwento. Tumuklas ngayon