#Unicode
Chaeyoung အိပ်ရာကနေ ရုတ်တရက် လန့်နိုးလာသည်...သူမ တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲနစ်နေသည်
"အိမ်မက်ဆိုး မက်နေတာဘဲ....."
Chaeyoung သူမချွေးတွေကို လက်နဲ့သုတ်ရင်း ညည်းညူလိုက်သည်
"Chaeyoung ရေ ထတော့ "
Chaeyoung သူမ အိမ်မက်ဆိုးအကြောင်း ပြန်တွေးနေတုံး အိမ်အောက်ထပ်က သူမအကို အသံကို ကြားရသည်
"ဟုတ် Oppa နိုးပြီနော် "
Chaeyoungရဲ့ အကိုLeo ဆိုတာ တကယ့် အကိုအရင်း မဟုတ်ပါ.......Chaeyoung မိဘတွေက Leoဆီ Chaeyoungကို အပ်ခဲ့ပြီး ထွက်သွားကတည်းက Leoမှာ မိဘမဲ့ Chaeyoung လေးကို စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်......
Chaeyoung သူမ မိဘတွေ ထားသွားခံရတုံးက လေးနှစ်သမီးအရွယ်ဘဲ ရှိသေးတာကြောင့် ဘာကြောင့် ထားသွားမှန်းမသိသလို Leoကလည်း ပြောမပြပေ
Chaeyoung ရေချိုး အဝတ်အစားလဲပြီး အလုပ်သွားဖို့ ပြင်နေသည်
အဝတ်အစားလဲပြီး အောက်ကိုဆင်းလာတဲ့အခါ Leoက သူမအတွက် ပေါင်မုန့်ကို မီးကင်ပေးနေတာ တွေ့ရသည်
"Oppa အလုပ်မသွားဘူးလား "
Chaeyoung သူ့အတွက် မနက်စာပြင်ပေးနေတဲ့ Leoကို မေးလိုက်သည်
ပုံမှန်ဆို Leoက မနက်အစောကြီးကတည်းက အလုပ်သွားနေကြလေ
အလုပ်သွားတယ်လို့သာ Chaeyoung သိပေမယ့် ဘာအလုပ်လုပ်မှန်းမသိပေ....Chaeyoung ကမေးတော့ Leoက အစိုးရအလုပ်လုပ်တာလို့ဘဲ မတိမကျအဖြေပေးသည်
"အခုဘဲ သွားတော့မလို့......ဒါနဲ့ ဆိုင်ကရော ဘယ်လိုလည်း "
"ရောင်းကောင်းပါတယ် "
Chaeyoung သူမအိမ်နဲ့ မျက်နှာချင်းဆိုင်တွင် ပန်းဆိုင်ဖွင့်ထားသည်
ပန်းတွေကို အရမ်းသဘောကျတာမို့ တစ်ခြားအလုပ်ထက် Chaeyoung ပန်းတွေ ရောင်းဖို့ စိုက်ဖို့ အလုပ်ကို ရွေးချယ်ခဲ့သည်
"အင်းပါ ဒါဆို မနက်စာသေချာစားနော် Oppa အလုပ်သွားတော့မယ်....ဆိုင်သွားမယ်ဆို အိမ်တံခါးသေချာသော့ခတ်သွားနော် "