Part 8

1.5K 199 4
                                    

#Unicode

Dinner စားပြီးတဲ့ နောက်မှာတော့ Chaeyoungကို Lisa အိမ်ပြန်ပို့ပေးနေသည်

"ညစာ စားရတာ ကျေနပ်ရဲ့လား "

Lisa ကားမောင်းရင်း Chaeyoungကို မေးလိုက်သည်

"စျေးကြီးတဲ့ ညစာစားရတာဘဲ ကျေနပ်ပါတယ် ပြီးတော့ Lisaကိုလည်း ကျေးဇူးတင်ပါတယ် "

"Aww ကြားရတာ ဝမ်းသာပါတယ်...."

ထို့နောက် သူမတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်

Chaeyoungလည်း သူမနှုတ်ခမ်းကို သူမ ဖိကိုက်ရင်း Lisa  အကြောင်းကို မေးရင် ကောင်းမလား တွေးနေသည်

"Lisaက ဘာအလုပ်လုပ်တာလည်း "

Chaeyoungက မေးတော့ Lisaမှာ Chaeyoungကို တစ်ချက်ကြည့်ပြီး ကားလမ်းမကိုသာ ပြန်ပြီး အာရုံစိုက်လိုက်သည်

"လျို့ဝှက်ချက်လေ မပြောပြပါဘူး "

Lisaရဲ့ စကားကြောင့် Chaeyoung သက်ပြင်းချပြီး သူမ လက်ချောင်းလေးတွေကို ဆော့ကစားရင်း နောက်ထပ် ဘာမေးခွန်းတွေ မေးရမလည်းလို့ တွေးနေသည်

"Lisaက ဘယ်မှာနေတာလည်း...."

"Chaeyoungရဲ့ အိမ်နဲ့တော့ ဝေးတယ် "

Lisa ပြောတော့ Chaeyoung ခေါင်းညိတ်လိုက်သည်

"Lisaက Party တွေ ဘာတွေတက်ရတာ သဘောကျတယ်ပေါ့ "

"ဒါပေါ့ သဘောကျတာပေါ့ Chaeyoung က ဘာလို့မေးတာလည်း "

"Lisa က အမြဲ နှင်းဆီပန်းစည်းတွေ လာဝယ်လို့လေ တစ်စည်းလည်း မဟုတ်ဘူး ဆယ်စည်းတောင် "

"Aww ဒါက Partyအမြဲ လုပ်တဲ့ ကိုယ့်သူငယ်ချင်းတွေကို ပေးတာပါ "

"Aww. ....Lisa အသက်က ဘယ်လောက်လည်း "

"Chaeyoung မေးခွန်းတွေ တအားမေးနေတယ်နော် "

Lisa စကားကြောင့် Chaeyoung ဆက်မမေးတော့ဘဲ ပါးစပ်ပိတ်သွားတယ်

ထို့နောက် ဘာစကားမှ မပြောဘဲ တိတ်ဆိတ်သွားရင်း Chaeyoungရဲ့ အိမ်သို့ ရောက်လာကြသည်

Chaeyoung မှာ ခါးပတ်ဖြုတ်ပြီး သူမကို ညစာ လိုက်ကျွေးတဲ့ Lisaကို ကျေးဇူးတင်စကားပြောလိုက်သည်

Vampire's Mate RosieTempat cerita menjadi hidup. Temukan sekarang