#Unicode
"Ma. .Lisa ဘာလိုချင်လို့လည်းရှင့် "
"မင်းကို "
Lisa တစ်ယောက် Chaeyoungကို ဆွဲဖက်ပြီး ပြောလေသည်
"ရှင်...."
Chaeyoungမှာ သူမကို ဖက်ထားတဲ့ Lisaကို တွန်းလွှတ်လိုက်သည်
"Lisa ဘာလုပ်တာလည်း "
Lisaရဲ့ မျက်လုံးကို Chaeyoung ကြည့်လိုက်တော့ Lisa မျက်လုံးမှာ နီရဲနေသည်
"ဟင်..."
Chaeyoungမှာ ကြောက်ပြီး အနောက်ကို ဆုတ်သွားချိန် Lisaက Chaeyoung ရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး
"အခု ဖြစ်နေတာတွေ မေ့ပစ်လိုက်......."
Chaeyoungရဲ့ မှတ်ဥာဏ်ကို ဖျက်ပစ်ပြီး Lisa ပန်းဆိုင်ထဲက ထွက်လာသည်
"Fuck. ...Park Chaeyoung မင်း ငါ့ကို ရူးသွပ်အောင်လုပ်နေတာဘဲ "
Lisa ကားစီယာတိုင်ကို ရိုက်ပြီး အော်လိုက်သည်...Chaeyoungကို တွေ့ရင်ကို သူမ ဟော်မုန်းကို Lisa မထိန်းနိုင်ဘူးလေ
ခုနကလည်း စိတ်တအားလှုပ်ရှားသွားပြီး မျက်လုံးနီရဲလာလို့ Chaeyoung ကြောက်သွားခဲ့တာ ဒါကြောင့်မို့ သူမ Chaeyoungရဲ့ မှတ်ဥာဏ်ကို ဖျက်လိုက်ခြင်း ဖြစ်သည်
The next day
Chaeyoung နှင်းဆီပန်းလေးတွေကို ရေဖြန်းနေတုံး တံခါး bellသံကြောင့် customer ဝင်လာမှန်းသိပြီး လုပ်လက်စ အလုပ်ကို ရပ်လိုက်သည်
ဝင်လာတဲ့ customer ကို Chaeyoung ကြည့်လိုက်တော့.....Lisa
"Aww မနေ့က ပန်းစည်းဆယ်စည်းဝယ်သွားတဲ့ Madamဘဲ welcome backပါ Mandam. .."
Chaeyoung ပန်းစည်းဆယ်စည်းဝယ်သွားတဲ့ အကြောင်းဘဲ မှတ်မိသည် ကျန်တဲ့အပိုင်းတွေ ဖျက်ခံထားရတယ်လေ
"Madamလို့ မခေါ်ပါနဲ့ဆို.... "
"ဘာလို့လည်း "
"ကိုယ် မင်းနဲ့ ရင်းနှီးချင်လို့ ဒါကြောင့် ကိုယ့်ကို customer ဆိုပြီး ဆက်ဆံတာထက် သက်တောင့်သက်သာ ပြောစေချင်တယ် ဘာလို့လည်းဆို ခုကစပြီး နေ့တိုင်း ကိုယ့်ကို မင်းတွေ့ရတော့မှာမို့လို့ "
Chaeyoung ရဲ့ မျက်နှာနားကပ်ပြီး Lisa ပြောတော့ Chaeyoung ကျောက်ရုပ်လို ဖြစ်သွားတယ်
![](https://img.wattpad.com/cover/247187787-288-k867147.jpg)