#Unicode
Chaeyoung ပန်းဆိုင်တွင် Delivery ပို့ရမည့် လိပ်စာ တွေကို စာရင်းတွေ စစ်နေရင်း သူမ ဖွင့်ထားတဲ့ Tvမှ သတင်းကြော်ငြာချက်တွေကို နားထောင်နေသည်
"ထပ်ပြီး အသက်သုံးဆယ်ကျော် အမျိုးသား တစ်ဦး ပျောက်ဆုံးသွားပါတယ်ဗျာ.....ရဲတွေကတော့ စုံစမ်းရှာဖွေနေပေမယ့် သတင်းအစအနတောင် ရှာမတွေ့သေးပါဘူး....တစ်ချို့ကြလည်း မာဖီးယားဂိုဏ်းတွေ လက်ချက်များလားလို့ သံသယရှိနေကြပါတယ်ဗျာ "
"Ah လူတွေထပ်ပျောက်ပြန်ပြီလား "
Chaeyoung သတင်းကို စိတ်ဝင်တစား နားထောင်စဥ် ဆိုင်ထဲသို့ ကလေးတစ်ယောက်ချီထားတဲ့ ကလေးအမေ တစ်ယောက်ဝင်လာသည်
"Good Morning..... ဘာများအလိုရှိပါသလည်းရှင့် "
Chaeyoung အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်လိုက်သည်
"ဟုတ် ပန်းစည်းလေး လိုချင်လို့ပါ "
"ဘယ် event အတွက်ပါလည်းရှင့် "
"Welcoming eventအတွက်ပါ "
"ဟုတ်ကဲ့ ခဏစောင့်ပေးပါနော် Madam. ..."
Chaeyoung ပန်းတွေကို ယူပြီး လှလှပပ စည်းပေးနေသည်
"ရပါပြီ Madam. ..."
"ဟိုလေ တစ်ခုအကူအညီတောင်းလို့ရမလား "
"ဟုတ် ဘာများလည်းရှင့်...."
"တကယ်တော့ ကျွန်မ Bossက ကျွန်မကို ပစ္စည်းတွေ အများကြီး ဝယ်ခိုင်းတာ ကလေးနဲ့ကျ အဆင်မပြေလို့လေ.....ကလေးကို ဆိုင်မှာ ခဏထားခဲ့လို့ရမလား ...."
"Aww ရပါတယ်ရှင်.... Chae ကလေးကို ထိန်းပေးထားပါမယ် "
"ကျေးဇူးတင်ပါတယ်နော် ဒီမှာ ကျွန်မရဲ့ ဖုန်းနံပါတ်ပါ တစ်ခုခုဖြစ်ရင် ဖုန်းဆက်ပေးပါနော် "
"Nae. .."
Chaeyoung အမျိုးသမီး လက်ထဲက ကတ်လေးယူလိုက်သည်
အမျိုးသမီးလည်း ထွက်သွားရော ဆိုဖာပေါ်ထိုင်နေတဲ့ သုံးနှစ်သားလေးဆီ Chaeyoung လျှောက်သွားသည်
"Aigoo ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးကို ဘာကြောင့် Ommaက တစ်ယောက်တည်း ထားသွားရက်တာလည်း "