#Unicode
Chaeyoung တစ်ယောက် သူမဆိုင်တွင် အသစ်ရောက်လာတဲ့ ပန်းတွေကို ပိုးမကျအောင် ဆေးဖြန်းနေကာ ရေစိမ်နေသည်
တံခါး bellသံကြားလို့ ကြည့်လိုက်တော့ Lisa. ...
နေ့တိုင်း ဘယ်သူ ဝယ်ဝယ်မဝယ်ဝယ် Lisaုတော့ မညည်းမညူ နှင်းဆီပန်းဆယ်စည်း လာလာဝယ်သည်
"နှင်းဆီပန်းဆယ်စည်းဘဲလား Lisa shii "
"မဟုတ်ဘူး ..."
"ဟင် "
"မင်းကို တွေ့ချင်လို့လာတာ "
Lisa စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်သွားတယ်
"Excuse me! '
"မင်းကို တွေ့ချင်လို့....."
"ဘာလို့လည်း...."
Chaeyoung မေးပြီး သက်ပြင်းချလိုက်သည်
Lisaကတော့ ပြုံးပြီး Chaeyoung ဆီ လျှောက်လာသည်
"Chaeyoung. ..."
"ရှင် ရှင်...."
"နေ့လည်စာ သွားစားရအောင် နေ့လည်စာ စားချိန်ရောက်ပြီလေ "
"မစားချင်ဘူး "
"မစားလို့မရဘူး...... ကိုယ် ဝယ်ကျွေးပါမယ်.... လာပါ မင်းကလည်း မင်းဆိုင်ကို အမြဲအားပေးတဲ့ ဖောက်သည်ကို ဒီလို ဆက်ဆံတာလား "
Lisa စကားကြောင့် Chaeyoung လည်း မတတ်သာဘဲ နေ့လည်စာအတူစားဖို့ သဘောတူလိုက်သည်
"မနေ့တုံးက နမ်းသွားပြီး ခုကျ ဘာမှမဖြစ်သလို နေနိုင်တာ အံ့သြဘ"
Chaeyoung စိတ်ထဲကနေ ရေရွတ်လိုက်သည်
စားသောက်ဆိုင်တစ်ခုတွင် Chaeyoung သူမကို အသားလှီးပေးနေသော Lisaကို စိုက်ကြည့်နေသည်
"ဘာလို့လည်း "'
"ဘာကိုလည်း "
Lisa အသားလှီးပေးပြီး Chaeyoungကို ပန်းကန်ပေးရင်း Chaeyoungကို မေးခွန်းပြန်ထုတ်လိုက်သည်
"Chaeရဲ့ ဆိုင်ကို နေ့တိုင်းလာတယ် နေ့လည်စာလည်း ဝယ်ကျွေးတယ် Lisa ဘာလုပ်ဖို့ ကြိုးစားနေတာလည်း "
"Chaeyoungရဲ့ မေးခွန်းကို မဖြေချင်ဘူးဆိုရင်ရော...."
"မရဘူး ဖြေရမယ်"