Part 4

1.5K 207 3
                                    

#Unicode

Lisa ပန်းဆိုင်ကို လာပြီး နေ့တိုင်း Party အတွက်ဆိုပြီး နှင်းဆီပန်းဆယ်စည်း ဝယ်နေတာ တစ်ပတ်ကျော်သွားချေပြီ

Chaeyoungမှာလည်း Lisa ကို နေ့တိုင်း မြင်နေရပေမယ့် တစ်နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေသလို ဖြစ်နေတဲ့ ခံစားချက်က ပျောက်မသွားတဲ့အပြင် Lisa က သူမကို ဆွဲဆောင်နေသလို ခံစားချက်ကြီးကလည်း ပေါ်လာသေးသည်

ဒီနေ့တော့ Chaeyoung ဆိုင်မဖွင့်ဘဲ တစ်ရက်လောက် အိမ်မှာဘဲ ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းနေသည်

Lisaကေတာ့ ကြုံရင်ကြုံသလို Chaeyoung အိမ်ဘက်လာလာချောင်းသည် သို့သော် အိမ်တွင်းပုန်းနေတဲ့ Chaeyoungရဲ့ ဆံပင်တစ်ပင်လေးတောင် မမြင်ရပေ

ညေန ငါးနာရီလောက်ကျ Chaeyoung ညအတွက် အဆာပြေမုန့်တွေအပြင် တစ်ခြား ဟင်းချက်စရာတွေပါ ဝယ်စရာရှိလို့ သူမ အိမ်နဲ့ တစ်လမ်းကျော်က စူပါမားကတ်ကို  ထွက်လာခဲ့သည်

စူပါမားကတ္ကို ရောက်တော့ Chaeyoung လှည်းလေး ယူပြီး ဝယ်စရာရှိတာတွေ ပတ်ဝယ်နေသည်

Leo Oppa ခရီးသွားနေပေမယ့် သူကြိုက်တဲ့ အာလူးကြော် snack မုန့်ထုပ်တွေ ဝယ်ထားမှ
ဖြစ်မယ်လေ...Leo Oppaက Chaeyoungကို သေးသေးလေးကအစ ဂရုစိုက်ပြီး သိတတ်တော့ Chaeyoung ကလည်း ပြန်ဂရုစိုက်ရမယ်လေ

Chaeyoung သူမအတွက် ပန်းသီးဝယ်နေတုံး သူမကို တစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားချက်ကြီး ဖြစ်ပေါ်လာသည်

ထို့ကြောင့် အနောက်ကို  လှည့်ကြည့်တော့ အသီးအနှံ Aeraတွင် သူမကလွဲလို့ ဘယ်သူမှမရှိပေ

Chaeyoung သူမဘဲ စိတ်ထင်တာနေမှာပါဆိုပြီး လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီထိုးနေပြီ

"ဟင် ငါဈေးဝယ်တာ အဲ့လောက် ကြာသွားလား... ဝယ်ချင်တာတွေလည်း ဝယ်ပြီးပြီဆိုတော့ ကောင်တာဘက် ပိုက်ဆံသွားရှင်းရမယ်.... "

Chaeyoung ကောင်တာဘက် ထွက်လာပေမယ့်လည်း သူမနောက်ကို   တစ်စုံတစ်ယောက်က လိုက်လာသလို စောင့်ကြည့်နေသလို ခံစားချက်က ပျောက်မသွားပေ

Chaeyoung ပိုက်ဆံအမြန်ရှင်းပြီး အထုပ်အပိုးတွေနဲ့အတူ စူပါမားကတ်ကနေ ထွက်လာခဲ့သည်

Vampire's Mate RosieTempat cerita menjadi hidup. Temukan sekarang