Part 17

1.5K 192 3
                                    

#Unicode

ခုန တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် Bam Bam  နဲ့ louis ရယ် Mino တို့မှာ ဧည့်ခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးနေကြသည်

သူတို့တွေ Chaeyoungရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတယ်လေ

Lisaကတော့ တစ်ယောက်တည်း အေးဆေးနေချင်တယ်ဆိုပြီး ရုံးခန်းထဲက ထွက်မလာပေ

Mino တို့ အမှန်တိုင်း ပြောရလျှင် Lisa အခုလို ဒေါသတွေဖြစ်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုးကို သူမ အမေသေတဲ့နေ့မှာဘဲ တစ်ခါမြင်ဖူးခဲ့ပြီး နောက်ပိုင်း အခုမှ ထပ်မြင်ရသည်

Chaeyoungကိုလည်း Mino တို့ အားလုံး ညီမလေးလို သဘောထားကြသည် Chaeyoungက ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတယ် ဖြူစင်တယ် ပြီးတော့ တစ်ခြားမိန်းကလေးတွေလို အီစီကလီ မရှိဘူးလေ.....

Mino ရုတ်တရက် ထရပ်လိုက်သည်

"ဘယ်သွားမလို့လည်း '

"Chaeyoung သတိရပြီလား သွားကြည့်မလို့ "

"Ok. ..."

ဆယ်မိနစ်ကြာတော့ Namတစ်ယောက် ဧည့်ခန်းထဲ ရောက်လာသည်

"Chaeyoungရော အဆင်ပြေရဲ့လား သက်သာလား သူ "

"အင်း သူသတိတော့ရလာပြီ Bambam. ...Lisa နဲ့တွေ့ချင်တယ်ဆိုလို့ Mino က သူ့ကို Lisa ရုံးခန်းလိုက်ပို့ပေးနေတယ် "

"အခုက Lisa စိတ်တိုနေတာ အချိန်ကောင်းမဟုတ်သေးဘူးထင်တယ် သူ စိတ်ဖောက်နေတာလေ Chaeyoungကို ရန်လုပ်ရင် ဘယ်လိုလုပ်မလည်း..."

Louis စကားကြောင့် Bambamတို့ ချက်ချင်းဘဲ Lisa ရုံးခန်းဘက်ကို ပြေးသွားလေသညု

Louis ထင်တဲ့ပြောတဲ့အတိုင်းပါဘဲ Lisa တစ်ယောက် စိတ်ဖောက်ပြီး Chaeyoungကို ရန်လုပ်နေတယ်လေ

Bambam မှာ Chaeyoungကို သူမ အခန်းထဲသို့ လိုက်ပို့ပေးလေသည်

Chaeyoungကတော့ လန့်တာရော Lisaက သူမကို ပြောတဲ့ စကားတွေကြောင့် ဝမ်းနည်းပြီး ငိုလေသည်

Bambamမှာ ငိုနေတဲ့ ကောင်မလေးကို နှစ်သိမ့်ပေးနေ ချော့နေသည်

"ရှူး အဆင်ပြေသွားမှာပါ မငိုနဲ့တော့နော် Chaeyoung "

"သူ သူက ဘာလို့ အဲ့လို ဖြစ်သွားရတာလည်းဟင် Bambam "

Vampire's Mate RosieOnde histórias criam vida. Descubra agora