#Unicode
5 months later
Lisa တစ်ယောက်ကတော့ Chaeyoung ကို Jensooတို့များ ခေါ်သွားလားဆိုပြီး နယူးဇီလန်ထိ လိုက်ရှာသော်လည်း Chaeyoungရဲ့ အရိပ်အယောင်ကို မတွေ့ရပေ
နယူးဇီလန် ပြင်သစ် သြစီ နိုင်ငံပေါင်းစုံအောင် ပတ်ရှာသော်လည်း Chaeyoungနဲ့တူတဲ့ သူတောင် ရှာမတွေ့သောကြောင့် စိတ်ဓာတ်ကျလာသည်
ဆိုးလ်ကို ပြန်လာပြီး စံအိမ်မှာမနေဘဲ Chaeyoung ကိုယ်သင်းရနံ့တွေနဲ့ သူမတို့ အမှတ်တရတွေ အပေါဆုံးဖြစ်တဲ့ Chaeyoung ရဲ့ အိမ်မှာဘဲ Lisa နေတာများသည်
Louisတို့နဲ့လည်း မဆက်သွယ်ဘဲ Lisa တစ်ယောက်တည်း သင်းကွဲနေသော Vampire ဖြစ်နေသည်
Louisနဲ့ Bambamတို့မှာလည်း Chaeyoungကို သတိရနေကြသည်
Lisaကို မြေတိုက်ခန်းထဲ ချုပ်ထားတုံးက Namက သူမနဲ့ ကလေးရဲ့ လုံခြုံရေးအတွက် Lisaနဲ့ ဝေးရာမှာ နေဖို့ Jensoo ရယ် သူနဲ့အတူ ဗီယက်နမ်ကို လိုက်နေဖို့ ပြောတုံးက Chaeyoung မျက်နှာလေး တော်တော်ညှိုးနွမ်းသွားခဲ့သည်....
Lisaကို မခွဲနိုင်ပေမယ့်လည်း Lisaနဲ့ အတူရှိနေရင် သူမ ကလေးအသက်အန္တရာယ်ကိုလည်း စိတ်ပူရသည်
နောက်ဆုံး Chaeyoung စိတ်ကို ဆုံးဖြတ်ချက်ချပြီး Namတို့ နဲ့ လိုက်နေဖို့ သဘောတူလိုက်သည်
Jensooနဲ့ Namတို့မှာ Lisaက နယူးဇီလန်ထိ လာရှာမယ်ဆိုတာ သိသောကြောင့် ဗီယက်နမ်တွင် ပုန်းနေခဲ့ခြင်း ဖြစ်သည်
Chaeyoung လွယ်ထားရတဲ့ ကိုယ်ဝန်က Vampire သွေးပါရောနှောနေသောကြောင့် ကလေးမှာ ကြီးထွားမြန်လာသည်
သာမန်ကိုယ်ဝန်သည်တွေလို ကိုးလလွယ်ဆယ်လဖွားမဟုတ်ဘဲ ငါးလအတွင်း Chaeyoungမှာ မီးဖွားချင်နေသည်
Chaeyoungကို ကြည့်ပြီး Namတို့ စိတ်မချမ်းမသာဖြစ်နေကြသည်
ဘယ်လောက် အားရှိအောင် နွားနို့တွေ ကြက်ဥတွေ ကျွေးပါစေ နှလုံးရောဂါကြောင့် Chaeyoung မှာ တစ်နေ့တစ်ခြား ပိန်လာပြီး မျက်တွင်းတွေကလည်း ချိုင့်လာသည်
တစ်ခါတစ်ခါ အသက်ရှူမဝလို့ အသက်ရှူရပ်မတတ် ဖြစ်သွားလို့ အခုဆို oxygen ဗူးပါ တစ်နေ့တစ်လုံးရှူနေရသည်