Part 23

1.4K 185 6
                                    

#unicode

'Lisa မှာ သူမ ဘေးနားက Chaeyoungကို တွေ့ပြီး အရမ်းလန့်သွားတယ်

Chaeyoung ရဲ့ မျက်နှာနဲ့ တစ်ကိုယ်လုံး မှန်ကွဲစတွေစိုက်နေပြီး သွေးတွေကလည်း စိုရွှဲနေသည်

"Chae သတိထားပါအုံး Chae Chae. ...."

Chaeyoungကို လှုပ်နှိုးပေမယ့် Chaeyoungက သတိရမလာပေ

"Shitttt "

Lisa သူမ စံအိမ်နဲ့ အခု accident ဖြစ်တဲ့နေရာက သိပ်မဝေးတာကြောင့် ကားပေါ်က ဆင်းပြီး Chaeyoungကို ပွေ့ချီကာ စံအိမ်ကို ပြေးသွားသည်

လမ်းတစ်လျှောက်လုံး Chaeyoungရဲ့ သွေးအနံ့ကြောင့် Vampire sideဘက် ပြောင်းမသွားအောင် Lisa အာရုံစိုက်ပြီး ပြေးလွှားနေရသည်

Louisတို့မှာ ဧည့်ခန်းထဲ ထိုင်စကားပြောနေရင်း သွေးအနံ့ကို ခံစားမိသောကြောင့် မျက်လုံး အနီရောင်ပြောင်းသွားကြသည်

"Nam. ...medical roomထဲမှာ အသင့်ပြင်ပေးထားပါ "

Bambamမှာ Lisaရဲ့ အော် သံကို နားထဲကြားရသောကြောင့် Lisaသွားတယ်

"Li lisaပါလား ဘာများဖြစ်ကြတာလည်း မသိဘူး Nam မင်းက သူပြောတဲ့အတိုင်း medical roomမှာ သွားနေ ငါတို့က ထွက်ကြည့်လိုက်မယ် "

Bambamနဲ့ Louis တို့ စိတ်ပူပြီး စံအိမ် အပြင်ဘက်ကို ထွက်ကြည့်တော့ သွေးတွေနဲ့ Chaeyoungကို ပွေ့ချီကာ ပြေးလာတဲ့ Lisaကို တွေ့ရလေသည်

"ဘာ ဘာဖြစ်တာလည်း Lisa "

"ဒီစံအိမ်နဲ့ တစ်ပြလောက်အကွာမှာ ငါ အရှိန်နဲ့သစ်ပင်ကို ဝင်တိုက်မိလို့ "

Louisတို့မှာ သွေးအနံ့ကြောင့် Vampire sideပြောင်းချင်စိတ်ကို ထိန်းထားရသည်

"ငါနဲ့ Julia က အဲ့အရှုပ်တွေ သွားရှင်းလိုက်မယ် Namက medical roomထဲရှိတယ် အမြန် သွားလိုက်တော့....Julia baby ကိုယ်နဲ့လိုက်ခဲ့ "

Bam bam နဲ့ Minoမှာတော့ Lisaနဲ့အတူ medical roomဘက် ပြေးသွားလေသည်

"ဘာဖြစ်လာကြတာလည်း "

သွေးတွေစိုရွဲဲပြီး အသက်မဲ့စွာ ကုတင်ပေါ်က Chaeyoungကို ကြည့်ပြီး Nam မေးလိုက်သည်

Chaeyoungကို ထိုသို့ဖြစ်နေတာကို Minoတို့ မကြည့်ရက်ပေ Chaeyoungက Minoတို့အတွက် ညီမလေးတစ်ယောက်လို သဘောထားရသူဆိုတော့ စိတ်မကောင်းဖြစ်နေကြသည်

Vampire's Mate RosieHikayelerin yaşadığı yer. Şimdi keşfedin